ရှောင်းကျန့်ကို ရိပေါ် ခံစားချက်တေ ဝန်ခံသည့်နေ့မှစ၍ ရိပေါ်ကိုလုံးဝ မတွေ့တာ ခုဆို တပတ်တောင်ရှိပြီ။ ကလပ်သွားသည့်နေ့တွင် ပြသနာတက်မှန်းသိသော်လည်း ရှောင်းကျန်က ဘာမှမဖြစ်ဘူးဟုပြောသောကြောင့် ဆက်မေး၍လည်းမရ
ရိပေါ်ကို ဆက်သွယ်တော့လည်း ဖုန်းကစက်ပိတ်ထားပြီး အိမ်သွားတော့လည်း တအိမ်လုံးပိတ်ထားသောကြောင့် အဆက်အသွယ်လည်းမရပေ။
ရှောင်းကျန့်ကန်တင်းသွားတော့လည်း စိတ်မပါ၊ ရှီးချန်ကောနဲ့ စကားပြောနေတာတောင် အရင်လိုမဟုတ် စိတ်တေက တောင်ရောက်လိုက် မြောက်ရောက်လိုက်၊ ရင်ခုန်သံတေကလည်း အခုကြတော့ သူမဟုတ်သလို ငြိမ်သက်နေတယ်။စာမေးပွဲကနီးလာပြီ စာထဲလည်းစိတ်မပါ
တမှိုင်မှိုင်နဲ့ ရှောင်းကျန့်ကို ကြညို့ပြီး ယန်လီ လည်းမနေနိုင်တော့တာကြောင့်"ကျန့်ကျန့်လေး လာတွေဖြစ်နေတာလဲ "
"ကျဲ လူတစ်ယောက်ကိုချစ်တယ်ဆိုတာ ဘယ်လိုလဲဟင်"
" ကျန့်ကျန့်လေးက ဘယ်သူ့ကိုချစ်လို့လဲ "
" သေချာပေါက် ရှီးချန်ကောဘဲပေါ့"
"သေချာရဲ့လား "
" ကျနိ့ကျန့် မဖြေနိုင်ဘူး မဟုတ်လား အဲ့တာဆို ကျဲမေးမယ် "
"သူ့ကိုတွေ့ရင် ရင်ခုန်လား "
"အင်း ၊ ခုန်တယ် သူ့ကိုတွေ့ရင် ရင်ခုန်သံကို ထိန်းချုပ်လို့မရဘူး၊ "
"အာ့ဆို ချစ်နေတာသေချာတာပေါ့ "
"ဒါပေမယ့် အခုရှီးချန်ကောနဲ့ နှစ်ယောက်တည်း စကားပြောတော့ ပျော်တယ် ဒါပေမယ့် အရင်လို ရင်ခုန်သံမျိုး မဖြစ်ဘူး "
" ဟမ် နှစိယောက်တည်းဆို မဖြစ်ဘူးဆိုတော့ ဘယ်နှစ်ယောက်ရှိရင်ဖြစ်တာလဲ "
" သူငယ်ချင်းတေ အကုန်လုံးအတူတူရှိနေချိန်မျိုး "
" အကုန်လုံးလား "
"အင်း ရှီးချန်ကောနဲ့ အကုန်အတူတူရှိနေချိန်မျိုး"
" ကျန့်ကျန့်လေး က ကိုယ်ဘယ်သူ့ကို ရင်ခုန်တယ်ဆိုတာ သေချာမသိသေးဘူးဘဲ ၊ သေချာအဖြေရှာကြည့်ပါအုံး"
![](https://img.wattpad.com/cover/210271694-288-k835331.jpg)
ESTÁS LEYENDO
အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞
Fanficမင်းကို လက်ထပ်ရပေမယ့် ငါလုံးဝမချစ်ဘူး အဲ့တာကြောင့် ဒီနေ့ကစပြီး စိတ်ဆင်းရဲစေရမယ် xiao zhan ကလေး ကိုယ့်ကိုမချစ်ပေမယ့် ကိုယ်ကတော့ ကလေးကို အရမ်းချစ်တယ် wang yi bo