part 35 unicode

3.7K 139 3
                                    

ရိပေါ် ညက ညနက်မှအိပ်ပျော်သွားတော့ မနက်အိပ်ယာထနောက်ကျတယ်၊  မနက်စာ စားပြီးတော့  မားအခန်းကိုသွားတော့ မားအိပ်ပျော်နေတာနဲ့  ခြံထဲဆင်းလာပြီး လမ်းလျှောက်နေတဲ့အချိန်  ဟိုဘက်ခြံကို အိမ်ဖော်ကောင်မလေးတွေက ခပ်သုတ်သုတ်ဝင်သွားတာတွေ့လိုက်တယ်။ 

ခဏနေတော့ ကားတစ်စီးစိုက်လာပြီး မုန့်ယောင်နဲ့ အတူ လူကြီးတစ်ယောက်ပါပါလာတယ်၊  ရိပေါ်က ပုံမှန်ဆို သူများကိစ္စကိုမစပ်စုဘူး ၊ ဒါပေမယ့် အခုတော့သူသိ ချင်တယ်  ဘာလို့လဲဆိုတော့ အဲ့တာမနေ့က မှဲ့နက်နဲ့ကောင်လေး နေတဲ့အိမ်ဆိုတော့

ခြံထဲပြန်ဝင်လာတဲ့ကောင်မလေးကို တွေ့တော့ အမြန်ခေါ်ပြီးမေးလိုက်တယ်

"ဟိုဘက်အိမ်မှာဘာဖြစ်လို့လဲ "
"အကိုလေး ကျန့် နေမကောင်းဖြစ်နေလို့ "
"ခုနလာတာဘယ်သူတေလဲ"
"ဆရာဝန် ပင့်လာတာပါ၊ ဘာခိုင်းစရာရှိသေးလဲ အကိုလေးဝမ် ၊  ဆန်ပြုတ်သွားလုပ်ရမှာမို့လို့ပါ "
"အာ မရှိပါဘူး ၊ "
"ဟုတ်ကဲ့ "  ကောင်မလေးထွက်သွားတော့
"နေအုံး ၊ တော်တော်ဖြစ်နေလား "
(ဟိုကတော့မသိဘူး နင်တော့တော်တော်ဖြစ်နေတယ်နော်)
"အဖျားကတော့ ၁၀၂ ပါ ၊ အားနည်းနေတယ်လို့လည်းပြောတယ် အကိုလေးဝမ်"

"အင်း "
ကောင်မလေးထွက်သွားတော့ ထိုင်ရမလို ၊ ထရမလိုနဲ့ ဝမ်တော်တော်ဖြစ်တယောက် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေပါတယ်။ဒီနှစ်တွေအတွင်း တခါမှဒီလိုမဖြစ်ဘူးတော့ သူ့ကိုယ်သူတောင်အံ့သြတယ် ချန်မေ အူအတက်ပေါက်ပြီး ဆေးရုံတက်ရတုန်းကတောင် သူဒီလောက်မဖြစ်ခဲ့ဘူး၊ ဆေးရုံတောင်နှစ်ခေါက်လားဘဲ သွားကြည့်တာ ၊ ခုတော့ မနေ့ကမှတွေ့တဲ့ကောင်လေးအတွက် သူရင်တေပူပြီး ထိုင်မရ ထမရဖြစိနေတာ အံ့သြတယ် တကယ်ဘဲ။

ရိပေါ် အခန်းထဲဝင်လာပြီး ကုတင်ပေါ်ထိုင်နေလိုက်တယ်၊ သူ့စိတ်တေလှုပ်ရှားနေတာကြောင့် ဗီဒိုထဲကနေ ဆေးပုလင်းထုတ်ပြီး သောက်ဖို့လုပ်လိုက်တယ် ။ တကယ်တော့ ရိပေါ်ဒီဆေးကိုမသောက်တာကြာပြီ ချန်မေကတော့ ဦးနှောက်အတွက်ကောင်းတယ်လို့ပြောတယ် ဒါပေမယ့် သူဒီဆေးသောက်ပြီးရင် အရမ်းကိုငြိမ်သွားတယ်ပြီးရင် အိပ်ပျော်သွားရော ပြန်နိုးလာရင် သူ့ခေါင်းထဲမှာ အရမ်းကိုကြ်လင်ပြီး ဘာမှမရှိတော့ဘူး ၊ အဲ့ခံစားချက်ကို သူမကြိုက်ဘူး အဲ့တာကြောင့် ဆေးသောက်လားမေးရင်သောက်တယ်ဆိုပြီး လိမ်ထားတာ ၊ သူမသောက်တာတော်တော်ကြာနေပြီ အခုတော့

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Onde histórias criam vida. Descubra agora