ရိပေါ် ရောက်ကတည်းကသောက်နေတာ ကြောင့်ဂျီရုန်းတို့လည်း တားမရ ဖြစ်စဉ်အစအဆုံးကို ရိပေါ်ပြောပြထားသောကြောင့်
"ဝမး်ချင် မြွေဟောက်မ တမင်လုပ်တာဘဲဖြစ်ရမယ်၊ ရှောင်းကျန့်ကိုမြင်လို့"
"ဒါပေမယ့် ရှောင်းကျန့့်က စိတ်ဆိုးသွားတယ်ဆိုတော့ မင်းအပေါ်ခံစားချက်ရှိလို့ဘဲနေမယ် "
"မင်း ရှောင်းကျန့်ဆီမသွားဘူးလား "
ရိပေါ်ခေါင်းကိုလေးပင်စွာ ခါရမ်းပြတော့
"ဘာဘဲဖြစ်ဖြစ် မင်းသွားရှင်းပြရမှာပေါ့၊ ပြီးတော့ ငါကြည့်ရသလောက် ရှောင်းကျန့်က မင်းကိုမမုန်းပါဘူးကွ"
"သူက ကွာရှင်းမယ်ပြောသွားတာ ၊ငါ့ကိုမြင်ရင် တကယ်လတ်မှတ်ထိုးခိုင်းနေရင်ဘယ်လိုလုပ်မလဲ၊
ငါမလုပ်နိုင်ဘူး ""ဒါပေမယ့် မင်းဒီလိုနေ့တိုင်းသောက်နေတာ ပြဿနာဖြေရှင်းတာမှမဟုတ်တာ ၊ အခုဆို တပတ်ရှီပြီ မင်းဒီလိုဆက်သွားနေရင် ဒုက္ခရောက်မယ်"
"သူမရှိရင်ငါမှမနေတတ်တာ ခုဆို အိမ်ပြန်ရင်ငါတယောက်တည်းဘယ်လောက်အထီးကျန်တယ်ထင်လဲ "
-------------ရှောင်းကျန့်အိမ်ပြန်ရောက်ကတည်းက အခန်းထဲမှာဘဲနေဖြစ်တယ် ကျဲနဲ့တောင်သိပ်စကားမပြောဖြစ် ၊ အိပ်ဘဲအိပ်နေလိုက်သည်။ ဒီကြားထဲမားကပါ ပြန်ရောက်နေတော့ တွေ့လိုက်တိုင်း ရိပေါ်နဲ့ဘာဖြစ်လာတာလဲချည်းမေးနေတော့ မဖြေချင်လို့ မားကိုပါရှောင်နေရသည်။
မားကတော့ ရှောင်းကျန့်ဆိုးလို့ ရန်ဖြစ်တာလို့ဘဲအပြစ်တင်တယ်။ သူ့သမက်ဖောက်ပြန်တာကြတော့ သူမသိဘဲ
ဒါပေမယ့်သိအောင်တော့ မပြောပြချင်၊ ကိုကို ့ကိုအမြင်စောင်းမှာလည်း စိုးရိမ်တယ်။အဲ့မိန်းမက စတွေ့ထဲက မရိုးသားဘူးလို့ရိပ်မိနေတာ၊ ကိုကို ကရောဘာလို့ လက်ခံတာလဲ ၊ ရှောင်းကျနိ့တွေးရင်း ခေါင်းနောက်လာတာကြောင့် ပြတင်းပေါက်ဖွင့်ပြီး ကောင်းကင်ကိုမော့ကြည့်နေလိုက်တယ်။
အိမ်ရှေ့မှာကားတစီး ရပ်ထားပြီးအိမ်ထဲကိုကြည့်နေတယ်၊ ဘယ်သူပါလိမ့် သေချာကြည့်လိိုက်တော့ ဝမ်ရိပေါ်
ညသန်းခေါင်ကျော်ကြီး အိမ်ရှေ့မှာဘာလာလုပ်တာပါလိမ့်
أنت تقرأ
အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞
أدب الهواةမင်းကို လက်ထပ်ရပေမယ့် ငါလုံးဝမချစ်ဘူး အဲ့တာကြောင့် ဒီနေ့ကစပြီး စိတ်ဆင်းရဲစေရမယ် xiao zhan ကလေး ကိုယ့်ကိုမချစ်ပေမယ့် ကိုယ်ကတော့ ကလေးကို အရမ်းချစ်တယ် wang yi bo