part 56 uni

3.9K 149 3
                                    

ရိပေါ် အိပ်ယာနိုးတော့ သူ့ရင်ခွင်ထဲက ယုန်ပေါက်လေးမရီတော့ဘူး ၊ ဒီအချိန်ဆို မီးဖိုထဲမှာထင်တယ် မနက်တိုင်း
ပြန်ရောက်ထဲက သူ့အတွက်လုပ်ပေးချင်လို့ဆိုပြီး မနက်စာကို နေ့တိုင်းပြင်ပေးတယ်၊

ရိပေါ်အိပ်ယာထဲ လှဲမနေချင်တာနဲ့ ထလာခဲ့တယ်။
အောက်ထပ်ဆင်းလာတော့ မီးဖိုထဲ အေပရွန်ကြီးဝတ်ကြီးဝတ်ပြီးတော့ မနက်စာပြင်ဆင်နေတဲ့ ယုန်ကလေး၊ သူ့ကိုကျောပေးထားတော့ မက်မွန်သီးလေးနှစ်လုံးကိုကြည့်ပြီး ရိပေါ် လျှာသတ်လိုက်တယ်၊ 😁😁

ခါးပေါကိုရောက်လာတဲ့ လက်တစုံကြောင့် ရှောင်းကျန့်ပြုံးလိုက်တယ်၊ ပုခုံးပေါ် မေးတင်ပြီး ပြန်အိပ်နေတဲ့ ကိုကိုကြောင့်

"ကိုကို  အိပ်ယာထဲသွားအိပ်လေ ၊ ကလေးမနက်စာ ပြင်ပြီးရင်လာနှိုးမှာပေါ့"

"ကလေး အနားမှာနေချင်လို့  "

"ပိုပြီ  အလုပ်မသွားဘဲ အိမ်မှာနေနေတာ ဘယ်နှစ်ရက်တောင်ရှိပြီလဲ ၊ ဒီနေ့ကော "

"ဒီနေ့တော့ သွားရမယ်၊ ဟိုကောင်တေက သူတို့နဲ့ပစ်ထားလို့ ကျိန်ဆဲနေကြပြီ၊ ပြီးတော့  ကိုကို တက်မှရမယ့် meeting လည်းရှိနေတယ်၊

အားးး   တကယ်ဘဲ ကလေးအနားမှာနေချင်သေးပါတယ်ဆို၊   ဒီကလေးကို ချစ်လို့မဝသေးပါဘူးဆို "

ရိပေါ် ကလေးလည်ပင်းကို နမ်းနေရင်းက အသည်းယားလာတော့ ကိုက်လိုက်တယ်၊

"အား ကိုကို ဘာလို့ကိုက်တာလဲ ခွေးလား"

"ဟုတ်တယ် ၊ အဲ့ခွေးက ကိုက်လည်းကိုက်တယ်၊ လျှာနဲ့လည်းလျက်တယ်သိလား "

ေ ရှာင်းကျန့် နားရွက်လေးကို လျှာထိပ်လေးနဲ့ လိုက်တို့နေလိုက်တယ်၊ ကလေးက ယားလို့ အော်ပြီး ထွက်ပြေးတယ်၊ ရိပေါ် အနောက်ကလိုက်ဖမ်းပြီး ပွေ့ပြီးတော့ ရေချိုးခန်းထဲခေါ်သွားလိုက်တယ်၊ ရေချိုးနေရင်း ကောင်လေးနှစ်ယောက် ကျီစယ်နေကြတဲ့ အသံတေက အပြင်ထိထွက်လာတယ်၊  ချစ်ရတဲ့သူနဲ့  အတူတူရှိတဲ့ မနက်ခင်းတိုင်းက လှပတယ်။
-------------------------

ရှောင်းကျန့် ရိပေါ်ကို  ဒီညတော့ ပြောကြည့်ရမယ်၊  ဟွိုက်စန်းက ဒီနေ့ ဖုန်းဆက်တယ် ၊ ဘယ်တော့လာမှာလဲတဲ့ ကျောင်းပြန်ဖွင့်နေပြီဆိုတော့  ကလေးတေကလည်းသူ့ကိုမျှော်နေပြီ၊   သူတခေါက်တော့သွားရမယ် ၊ သူလုပ်စရာတွေ လက်စသတ်ဖို့လည်းကျန်သေးတယ်လေ ဒါျပမယ့် ရိပေါ်ကို သူဘယ်လိုပြောရမလဲ ၊ ရိပေါ် သဘောတူမှာ မဟုတ်ဘူး ၊ မတတ်နိုင်ဘူး ခွင့်တော့တောင်းကြည့်ရမှာဘဲ

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Donde viven las historias. Descúbrelo ahora