part 6

5.3K 316 5
                                    

မနက်လင်းတော့ ရှောင်းကျန့်က အိပ်ယာပေါ်တွင် အိနြေ္ဒရရ နိုးထလာပြီး ၊ အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းထဲတွင် အတုံးအရုံး အိပ်နေကြသူများကို တွေ့တော့  

" ငါ ဘယ်အချိန်က အိပ်ယာထဲမှာသွားအိပ်နေတာပါလိမ့်"
ယုန်ငမူးက မေ့ပစ်လိုက်ပါပြီနော် ပထမဆုံးအနမ်းကို

အိမ်ထဲသို့ သီချင်းတအေးအေးနဲ့ ဝင်လာတဲ့ ဝမ်ရိပေါ်
" ရိပေါကော မနေ့ကဘာလို့မလာတာလဲ"

ရှောင်းကျန့်အမေးကြောင့် မနက်ခင်းရင်ခုန်သံတေတောင် တဝက်တပျက်

စိတ်ထဲတွင်တော့ " မနေ့က မင်းနှုတ်ခမ်းကိုတောင် ချိုချဉ်လိုငုံသွားသေးတာ မမှတ်မိဘူးဟုတ်လား နောက်တခါဆိုရငိတော့ ----"

"အင်း မနေ့က အိမ်ပြန်တာနောက်ကျလို့မလာတော့တာ၊ အဲ့တာကြောင့် အခု အမူးသမားတေအတွက် ပဲပင်ပေါက်ဟင်းရည်လာပို့တာ "

"ဝှါး  ရိပေါ်ကောက အကောင်းဆုံးဘဲ "  ပြောရင်း ရိပေါ်ကို ပြေးဖက်သောရှောင်းကျန့်

" မှန်းစမ်း ဒီအကောင်ပေါက်အမူးမပြေသေးဘူးခုထိ ၊ လာခဲ့"

မီးဖိုခန်းထဲဆွဲခေါ်သွားပြီး နောက် ခုံတွင်ထိုင်ခိုင်းကာ ဟင်းရည်သောက်ခိုင်းတော့  ရိပေါ်ကိုခွံခိုင်းသောကြောင့်  စိတ်ရှည်လက်ရှည်ခွံပေးနေရသည်။

"ဟူး  ဒီအကောင်ပေါက်နဲ့တော့ cool guy  image  ပျက်ပါပြီကွာ"  ( သူက မပျက်ချင်တာကြလို့ 😏😏😏)

--------------------------
ရှောင်းကျန့်တို့ ကျောင်းတက်လာတာ တလပြီး တလကုန်ဆုံးလာပြီး  ပထမနှစ်ဝက် စာမေးပွဲဖြေဖို့ တလသာလိုတော့သည်။

ဒီကြားထဲ ရိပေါ်တယောက် ရှောင်းကျနိ့ကို သိသိသာသာရော မသိမသာပါ ဂရုစိုက်နေပြီး သူငယ်ချင်းများ အမြင်ကတ်ရလောက်အောင် အချေကိုယ်တော် ဂုဏ်ပုဒ်ပါပျောက်ဆုံးနေလေသည်။

ရှောင်းကျန့်ကတော့ ရှီးချန် ရထားကြီးသာ မှန်မှန်ခုတိမောင်းနေသည်။

"ဒီနေ့ ဂျီရုန်းမွေးနေ့ ငါတို့ ကလပ်သွားမှာ မင်းတို့ကောလိုက်ကြမလား "
မုန့်ယောင်က ပြောတော့

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Donde viven las historias. Descúbrelo ahora