၅ နှစ်ရှိပြီ ကိုကို
ကိုကို ကျွနိတော့ ကိုပစ်ချထားခဲ့တာ
ကမ႓ာကြီးက ဝင်ရိုးစွန်းကို ဗဟိုပြုပီး ဆက်လည်နေပေမယ့် ကိုကို့ကို ဗဟိုပြုပြီး လည်ပတ်နေတဲ့ ကျွန်တော့ ဘဝကြီးက တော့ ကိုကိုထားခဲ့တဲ့အချိန်ကစလို့ ရပ်တန့်သွားခဲ့ပြီ ကိုကို။မဖြစ်နိုင်မှန်းသိပေမယ့် ဒီအဖြစ်အပျက်တွေဟာအိမ်မက်သာဆို ဘယ်လောက်ကောင်းလိုက်မလဲ ၊ မနက်နိုးလာတိုင်း အိမ်မက်မဟုတ်လို့ နာကျင်ခဲ့ရတဲ့ နှလုံးသားလေးလည်း အခုဆို တော်တော်လေး ပင်ပန်းနွမ်းနယ်နေပါပြီ။
အိပ်ယာဝင် အိပ်ယာထအနမ်းတွေလည်းမရှိတော့ဘူး ၊ အမှောင်ကြောက်လို့ အတင်းတိုးခဲ့ရတဲ့ရင်ခွင်ကြီးလည်းမရှိတော့ဘူး ၊ အဖျားတကိလို့ အေးတဲ့အချိန်တိုင်း နောက်ကဖက်ပေးထားတဲ့ ရင်ငွေ့နွေးနွေးလေးက ခုတော့ ဘယ်မှာလဲ ၊ ဘာတွေကို ယုံစားပြီး ကျွန်တော့ ကို တယောက်တည်းပစ်ထားခဲ့ရတာလဲ ဟင်၊အဆင်မပြေဘူး ကိုကို ကိုကိုမရှိတဲ့ နေ့ ရက်တိုင်းကကျွန်တော့အတွက် အဆင်မပြေခဲ့ဘူး။
အခုတော့ ကျွန်တော်ရင့်ကျက်နေပါပြီ၊ ကံကြမ္မာက ကျွန်တော်ရင့်ကျက်ဖို့အတွက် အကောင်းဆုံးလမ်းပြပေးခဲ့တယ်၊ ကျွနိတော်ချစ်ရတဲ့သူတွေကို အနားကနေဆွဲထုတ်သွားတယ်လေ၊ ကိုကိုသာ မြင်နိုင်ရင်အံ့သြမှာ အခု ကိုကိုရင်ခွင်ထဲမှာခေါင်းလေးတိုးပြီး ချွဲနေတဲ့ ယုန်ပေါက်လေးမဟုတ်တော့ဘူး wang xiao group ကို ဦးဆောင်နေတဲ့ CEO ရှောင်း ဖြစ်နေပြီ ကိုကို ၊
ကိုကို ထားခဲ့တဲ့ wang xiao company ဟာ ကျွန်တော့ ဦးဆောင်မှုအောက်မှာ နိုင်ငံရဲ့ စီးပွားရေးတော်တော်များများကိုပိုင်ဆိုင်တဲ့ Wang Xiao Group အဖြစ်ရပ်တည်နေပြီ။ ကျွန်တော်တော်တယ်မဟုတ်လား ကိုကို ၊ CEO ရှောင်းကပြတ်သားတယ် ၊ ထက်မြက်တယ် ၊ အေးစက်တယ် ၊ သူတို့အမြင်ပေါ့ကိုကို၊ တကယ်တာ့ ကျွန်တော်တို့ အခန်းလေးထဲမှာ ကိုကို့ ပုံတေကြည့်ပြီးညတိုင်း ငိုနေရတဲ့ကောင်လေးကိုတော့ သူတို့ဘယ်သိကြမလဲ ၊
-------------
ရိပေါ်မြေပုံမှာ ရှောင်းကျန့် သတိလစ်သွားပြီး သုံးရက်တိတိ အပြင်းဖျားတယ်။ ရိပေါ်နာမည်ကိုသာ ယောင်နေတာမို့လို ဘေးကပြုစုပေးရတဲ့လူတေလည်း ကြိတ်ငိုနေရတယ်။သတိရလာတော့ နည်းမျိုးစုံနဲ့ သေဖို့ကြိုးစားတယ်။ ရေချိုးခန်းထဲဝင်ပြီး ဓားနဲ့ လက်ကောက်ဝတ်သွေးကြောကိုလှီးတယ်၊ ညဘက်အိပ်တော့ အိပ်ဆေးတပုလင်းလုံးသောက်ပစ်တယ်၊ ပန်းခြံက ရေကန်ထဲခုန်ချတယ်၊ နောက်ဆုံး တိုက်ပေါ်ကခုန်ချဖို့လုပ်တာ ရှီးချန်တို့အတွေ့မြန်လို့ မသေတာ ၊ နောက်ဆုံး ရှောင်းမားမား ပြန်လာပြီး ၊ဝမ်မားမားနဲ့ အတူ နားချရတယ်။
ČTEŠ
အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞
Fanfikceမင်းကို လက်ထပ်ရပေမယ့် ငါလုံးဝမချစ်ဘူး အဲ့တာကြောင့် ဒီနေ့ကစပြီး စိတ်ဆင်းရဲစေရမယ် xiao zhan ကလေး ကိုယ့်ကိုမချစ်ပေမယ့် ကိုယ်ကတော့ ကလေးကို အရမ်းချစ်တယ် wang yi bo