ရှောင်းကျန့် တင်းထားသမျှ ရိပေါ်မျက်ရည်တစက်မှာ အကုန်ပျောက်ဆုံးသွားတယ်။ အတိတ်မေ့ပြီး သတိမရတတာတောင် ဘေးနားမိန်းမလှလေးရှိတာတောင် သူ့အပေါ်သစ္စာရှိလွန်းတဲ့ ရိပေါ်နှလုံးသားကို သူဘာကြောင့်ဥပေက္ခာပြုရမလဲ ၊
ရှောင်းကျန့် မျက်ရည်စက်တေကို သူ့လက်လေးနဲ့ ကြင်ကြင်နာနာ သုတ်ပေးတယ်၊ ပြီးတော့ သူအရမ်းလွမ်းခဲ့ရတဲ့ ကိုကို ရဲ့ နှုတ်ခမ်းလေး
ရိပေါ်မျက်စိမှိတ်ပြီး ငိုနေရာကနေ သူ့နှုတ်ခမ်းကိုလာဖိကပ်နမ်းနေတဲ့ သူချစ်ရတဲ့ ထိုလူသား ၊
နှုတ်ခမ်းသားနှစ်ခုကို အလွတ်မပေးဘဲ အပြန်အလှန်စုပ်ယူနေကြတယ်၊ ရိပေါ်က ရှောင်းကျန့်ခါးလေးကိုဖက်ထားရင်း နှစ်ယောက်သားအောက်ဆီဂျင်ပြတ်မတက်ဖြစ်နေတာတောင် လွှတ်ချင်ပုံမပေါ်
နှစ်ယောက်သားအဖြစ်ကို တယောက်မျက်နှာ တယောက်ကြည့်ပြီး ပြိုင်တူရယ်မိကြတယ်။ ထို့နောက် ရှောင်းကျန့်မှ ရိပေါ် မျက်နှာလေးကို ကိုင်ပြီး
"ကလေး လည်း ကိုကို့ ကို ချစ်တယ်"
ရိပေါ် လည်း ဒုတိယအကြိမ် အောက်ဆီဂျင်ပြတ်သည်အထိ အနမ်းများကို ဖန်တီးနေပြန်သည်။
ရိပေါ်နေမကောင်းလို့ သတင်းတက်မေးတဲ့ ယုန်ကလေးလည်း နှုတ်ခမ်းတခုလုံး နီရဲနေအောင် အနမ်းခံရရင်း အခန်းပြင်တောင် ပြန်မထွက်ရတော့ဘူး၊
ကိုကို အဖျားကအောင် ရေပတ်တိုက်ပေး ပြီးဆေးတိုက်နေတာပါနော် ၊ မမှောင်ကြပါနဲ့
တော်သေးတာ ညဘက်ရောက်တော့ မုန့်ယောင်ကောတို့ရောက်လာလို့ ရှောင်းကျန့်နှုတ်ခမ်းလေး လွတ်မြောက်ခွင့်ရတာ၊ ရှောင်းကျန့် ဒီဘက်အိမ်ပြန်လာတော့ ရိပေါ်ပါလိုက်လာတယ်။"ခရီးထွက်မယ် "
"ဟုတ်တယ် လေ ၊ နှစ်ကူးဆိုတော့ ရုံးလည်းပိတ်ပေးရမယ်လေ ၊ အားနေတာကို ခရီးလေးထွက်ပြီး အနားယူရမှာပေါ့"
တကယ်တော့ ရှောင်းကျန့်တို့ နှစ်ယောက်ကို နီးစပ်အောင်လုပ်ပေးမလို့ သုံးယောက်သားကြိုတင်တိုင်ပင်ထားကြတာ ၊ သနားဖို့ကောင်းတာက ဟိုလင်လင်နှစ်ယောက်အဆင်ပြေဖို့ သူတို့တောင်မလိုဘူးဆိုတာဘဲ 🤣🤣🤣
VOCÊ ESTÁ LENDO
အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞
Fanficမင်းကို လက်ထပ်ရပေမယ့် ငါလုံးဝမချစ်ဘူး အဲ့တာကြောင့် ဒီနေ့ကစပြီး စိတ်ဆင်းရဲစေရမယ် xiao zhan ကလေး ကိုယ့်ကိုမချစ်ပေမယ့် ကိုယ်ကတော့ ကလေးကို အရမ်းချစ်တယ် wang yi bo