"ဘာာာ"
နှစ်ယောက်သား ပြိုင်တူအော်လိုက်သော်လည်း အချေကိုယ်တော်က လှည့်ပင်မကြည့် သူဘာမှမသိသလို ကျောင်းသားရေးရာကို ဦးဆောင်သွားပြီး ဖောင်ဖြည့်ခြင်းလုပ်ငန်းကို လုပ်နေရင်း ၊"ပြီးမှမေး " လိုရင်းသာပြောပြီး ဖောင်နှစ်ရွက်ထိုးပေးသောကြောင့် ကြောင်တောင်တောင်နဲ့ ဖြည့်လိုက်ပြီး ထွက်သွားသော ကိုယ်တော် နောက်သို့အပြေးလေးသုတ်ချေတင်ရင်း
ကားပေါ်တွင်လည်းဘာမှမမေးဖြစ် အချေကောင်ရုပ်က မေးလည်းဖြေမည့် သဘောမှာမရှိ ၊ စားသောက်ဆိုင်ရှေ့တွင် ကားတုံ့ခနဲရပ်သွားပြီ၊ ကားပေါ်မှဆင်း ဆိုင်ထဲဝင် စားစရာများ မှာပြီးနောက် ၊
" မေးလို့ရပြီ" ခွင့်ပြုချက်ရပြီးနောက် နှစ်ယောက်သားသံပြိုင်ဖြင့်
" ပြောစမ်းပါအုံး အကြောင်းစုံ""ဘာကိုလဲ"
"ကျောင်းပြန်တက်တာလေ ၊ မင်းဘဲ ဒီမှာမတက်ချင်တော့လို့ ငါတို့မှာ အသည်းအသန် မင်းနဲ့ နိုင်ငံခြားမှာ လိုက်တက်ခဲ့ရတာလေ"
"အေးလေ"
မုန့်ယောင်မှ ဂျီရုန်း အပြောကိုလိုက်ထောက်ခံရင်း"တတိယနှစ်ဖြေပြီးလို့ တနှစ်ဘဲကျန်တာမို့လို့ ပြီးအောင်တက်ပါဆိုတာလက်မခံခဲ့တဲ့ကောင်က ၊ ပြီးတော့ ဟိုမှာဘွဲ့ရလို့ ငါတို့ပြန်လာတာတောင် ပြန်မလိုက်ဘဲ ပညာဆက်သင်ချင်သေးလို့ နေခဲ့ပြီးတော့ ၊ အခုမှ ဒီမှာပြန်ပြီး ဘွဲ့ရအောင်ယူမယ်ဆိုတော့ ငါတို့နားလည်အောင်ရှင်းပြပါအုံးကွာ"
မုန့်ယောင်ပြောပြီး မောသွားတာကြောင့် ရှေ့မှ ရေတဖန်ခွက်ကို မော့သောက်လိုက်၏။
" ငါတို့တေအိမ်က စီးပွားရေး လုပ်ငန်းတွေက ဒီမှာ အခြေတည်ထားတာလေ ၊ အဲ့တော့ ဒီကစီးပွားရေတက္ကသိုလ်က ဘွဲ့ရတော့မကောင်းဘူးလား၊"
" မင်းအရင်က ပြောတော့ ဟိုကဘွဲ့ယူလာပြီးရင် အေးဆေးဆို ၊ ""ကုမ္ပဏီမှာ အေးဆေး ဦးဆောင်လို့ရတယ်ဆို "
"ဟိုက ဘွဲ့ရတေက လက်ချိုးရေလို့တောင်ရတယ်ဆို "
"...................."
"....................."
"....................."ပြောချင်ရာပြောနေသော သူတို့နှစ်ယောက်ကို အဖတ်တောင်မလုပ်သော ကစားသောက်ပြီး ပြန်ခါနီးကြမှ
" ပြန်မပို့တော့ဘူးနော်၊ ကိုယ့်ဘာသာပြန်ကြ ၊" ပြောပြီး ထပြန်သွားသော ဝမ်အချေကောင်
ငယ်ငယ်ထဲက တွဲလာသောသူငယ်ချင်းဖြစ်သောကြောင့် ဝမ်ရိပေါ်အကြောင်း ကို သူတို့နှစ်ယောက်က အသိဆုံး၊ ချေတတ်ပေမယ့် စိတ်ထားကောင်းပြီး ဖြူစင်တာတော့ သိသည် ထို့ကြောင့် လည်း ဒီအချိန်ထိ ဝမ်ရိပေါ် ၏အချစ်ဆုံးသူငယ်ချင်း အဖြစ်ရှိနေကြခြင်းပင် ။
-----------------------
ဝမ်အိမ်တော်
" ဝမ်လေး ကျန့်ကျန့် နဲ့ တွေ့ခဲ့လား""ဟုတ်ကဲ့ မား တွေ့ခဲ့တယ် ၊ သူက ၁၆ နှစ်ကောဟုတ်ရဲ့လား "
"ဘာဖြစ်လို့လဲ သားရဲ့"" စူပုတ်နေတာဘဲ သုံးနှစ်သားကြနေတာဘဲ"
" ကျန့်ကျန့်လေး က အိမ်မှာ အငယ်ဆုံးဆိုတော့ အလိုလိုက်ထားကြတော့ ၊ ကလေးလိုဖြစ်နေတာလေ။ "
" သားလည်း အငယ်ဆုံးလေ ဒီအိမ်တော်မှာ"
" မတူဘူးလေ ၊ သားက ငယ်ငယ်ထဲက အချေလေးလေ ၊ ပြီတော့ သားက မားရဲ့စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့တာလေ ၊ ကျန့်ကျန့် ကြတော့ သူ့ပါး ဆုံးပြီးတော့ ရှောင်မေက ကိုရီးယားမှာ စီးပွားရေးဦးဆောင်ရတော့ ကျန့်ကျန့်လေးကို သူ့အမ ယန်လီကဘဲ ကြည့်ရှုထားရတာ "
"ကလေးက အာ့ကြောင့် ဆိုးချင်သလိုဖြစ်နေတာ ၊ သားက အလျော့ပေးရမယ်နော်"
"မားကတော့လေ ခုထဲက ကျွန်တော်ကို နှိပ်ကွပ်နေပြီ ၊ ဟိုဟာလေးတောင် အိမ်ပေါ်မရောက်သေးဘူး"
မဲ့ရွဲ့ပြီးအိမ်ပေါ်တက်သွားသော သားလေးကို ကြည့်ပြီး ဝမ်မားမား ရယ်နေလိုက်သည် ။
ခဏအကြာ အိမ်ပေါ်မှ ပြေးဆင်းလာပြီး ဝမ်ရိပေါ်ပြောလိုက်သော စကားကြောင့် ဝမ်မားမား အံ့သြသွားသည်။
" မား နောက်တပတ်ကစပြီး သားကျောင်းပြန်တက်တော့မယ်"
အံ့သြမှုမှသည် ဝမ်းမြောက်ခြင်းဆီသို့ မိမိကိုယ်တိုင် ထိန်းကျာင်းခဲ့သော သားဖြစ်သောကြောင့် ဝမ်လေး ၏စိတ်ကို မိမိအသိဆုံး ၊
ဝမ်မားမား လက်ကိုင်ဖုန်းကိုကောက်ယူပြီး နံပါတ်အချို့ကို နှိပ်လိုက်သည်
"ရှောင်မေ ကိုယ့်သားလေးကတော့ မီးစိမ်းပြလိုက်ပြီ" ( တော်တော် တော်တဲ့ ဝမ်မားမားပါနော်)" တကယ်လား ၊ ဝမ်းသာလိုက်တာ ကိုယ်ကတော့ အခုလာလို့မရသေးဘူး နှစ်ကုန်လောက်မှပြန်လာခဲ့မယ် ၊ ပြီးတော့ အားကျန့် လေးပါခေါ်လာပြီး စီစဉ်ကြတာပေါ့"
(ရှောင်းမားမားကတော့ သူ့ကလေးကိုမမေးဘဲ စီစဉ်နေပါပြီ )" ကောင်းပြီလေ ကိုယ်တို့နှစ်ကုန်မှတွေ့ကြတာပေါ့"
-------------------------------------------------------------

BẠN ĐANG ĐỌC
အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞
Fanfictionမင်းကို လက်ထပ်ရပေမယ့် ငါလုံးဝမချစ်ဘူး အဲ့တာကြောင့် ဒီနေ့ကစပြီး စိတ်ဆင်းရဲစေရမယ် xiao zhan ကလေး ကိုယ့်ကိုမချစ်ပေမယ့် ကိုယ်ကတော့ ကလေးကို အရမ်းချစ်တယ် wang yi bo