ရှောင်းကျန့် အိမ်ရှေ့မှာ ခြေချလိုက်တော့ ခြေအစုံက မြေကြီးနဲ့ထိလား မထိလား သူမခံစားမိ ဘူး ၊ သေချာတာတော့ ခြံတံခါးကိုဆွဲဖွင့် လိုက်တဲ့လက်တစ်စုံက တုန်ယင်နေခဲ့တယ်၊ အိမ်ထဲဝင်လိုက်တော့ သူမျှော်လင့်ထားတဲ့ မျက်နှာလေးကိုမတွေ့ရဘူး ။ အဲ့တာဆို အိမ်မက်လား
ရှောင်းကျန့် ဆိုဖာပေါ်ထိုင်ချလိုက်တုန်း အိမ်အဝမှာရပ်နေတဲ့ မုန့်ယောင်ကော
"ရိပေါ်က မားအိမ်ထဲမှာ "
ရှောင်းကျန့် အိမ်မက်လား ၊ တကယ်လား တွေဝေနေတုန်းဘဲ ၊
"ရိပေါ် ပြန်ရောက်နေတာ နှစ်ရက်ရှိပြီ၊ မင်းကဖုန်းပိတ်ထားတော့ ဆက်သွယ်လို့မရလို့၊ ပြီးတော့... အင်း အရင်တွေ့လိုက်ပါအုံး"ကိုကို ကအရင်လိုပုံဘဲလား ၊ မတွေ့တာ ၅နှစ်ကျော်တောင်ရှိပြီဆိုတော့၊ ကိုကို ဒီနှစ်တွေထဲ ဘယ်ရောက်နေတာလဲ ၊ ဘာတွေလုပ်နေလဲ ၊ သူ့ကိုမဆက်သွယ်တဲ့အကြောင်းမေးရမယ်၊ နေပါအုံး သူ့ကိုကိုက အရင်လိုကော ချစ်သေးရဲ့လား သူ့စီပြန်မလာဘဲ ဒီလောက်အကြာကြီး ပစ်ထားတဲ့ကိုကို့ ကို စိတ်အကြီးကြီး ကောက်ဖို့တွေးရင်း အပြေးတပိုင်းဖြင့်
ဧည့်ခန်းဆိုဖာပေါ်မှာ ကျောပေးပြီးထိုင်နေတဲ့ ထိုလူသား နောက်ကျောက ကြည့်လိုက်ရုံနဲ့တောင် လုံခြုံမှုကိုခံစားနေရပါပြီ ၊
"ကိုကို"
မခေါ်ရတာကြာနေပြီဖြစ်တဲ့ ချစ်ရသူရဲ့နာမ်စားလေး နှုတ်ခမ်းက ဟရုံလေး ခပ်တိုးတိုးခေါ်လိုက်တယ်၊ နာမည်ခေါ်လိုက်မှဘဲ နှလုံးသွေးတို့ ဆူပွက်ပြီး ဘယ်ဘက်ရင်အုံမှ တင်းကျပ်သွားကာ သူဘယ်လောက်လွမ်းနေခဲ့မှန်း နှလုံးသားလေးမှ သက်သေပြနေ၏။
ရှောင်းကျန့် သတိဝင်တော့ ရိပေါ် ရင်ခွင်ထဲမှာ
ပြောရမယ့်စကားတွေလည်းမသိတော့ မတွေ့ရတဲ့ရက်တွေအစား မျက်ရည်တွေက ဆည်ကျိုးကျသလို ထိန်းချုပ်လို့မရ အလုံးအရင်းနဲ့ကျဆင်းနေတယ်ရှောင်းကျန့်အတန်ကယ်ငိုလို့ဝမှ သတိထားမိတယ် ၊ သူငိုနေတော့ ကိုကို က နှစ်သိမ့်စကားတခွန်းတောင်မပြော၊ သူကသာ လွမ်းခဲ့ရတဲ့ ရင်ခွင်ထဲအတင်းတိုးဝင်နေတာ ကိုကို ရင်ခွင်ကြီးကအေးစက်နေသလိုဘဲ ၊
BẠN ĐANG ĐỌC
အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞
Fanfictionမင်းကို လက်ထပ်ရပေမယ့် ငါလုံးဝမချစ်ဘူး အဲ့တာကြောင့် ဒီနေ့ကစပြီး စိတ်ဆင်းရဲစေရမယ် xiao zhan ကလေး ကိုယ့်ကိုမချစ်ပေမယ့် ကိုယ်ကတော့ ကလေးကို အရမ်းချစ်တယ် wang yi bo