part 25

5.2K 268 3
                                    

ရှောင်းကျန့်အိမ်ပြန်ရောက်တော့ ရိပေါ်ကိုချွဲနေတာ အရင်ထက်၂ဆ၊ ဟုတ်တယ်လေ ရှောင်းအိမ်မှာဆို ကျဲနဲ့ အလုပ်သမားတေရှိတော့ ထိန်းနေရသေးတယ် ၊ ကိုယ့်အိမ်မှာဆိုတော့   အေးဆေး ၊ ရိပေါ်ကလည်း ကိုကိုရေဆိုတဲ့ အသံကြားရင် ရေပါခပ်သွားမယ့်လူမျိုး ၊                                               

အခုလည်း ရိပေါ်အလုပ်သွားခါနီးကို ကပ်ချွဲနေတဲ့ ကျန့်ကျန့်  ဒါကမနက်တိုင်းဖြစ်နေကြ၊  ညဆိုလည်း သူ့ကိုရင်ခွငိထဲထည့်ပြီး ချော့သိပ်ခိုင်းသေးတာ ၊  အခုမှရိပေါ်ဘဝက အချွဲလေး ကျန့်ကျန့်ကြောင့် ကလေးတစ်ယောက်ရသလိုဘဲ အိမ်ထဲမှာနေရင်းနဲ့ ဘယ်သွားသွား ကိုယ်ပေါ်ကမဆင်းဘူး၊ ကိုကိုချီ ကိုကိုချီနဲ့  ရိပေါ်ကလည်းအဲ့တာကိုဘဲ သဘောခွေ့နေတာ ၊ ကျေနပ်ပါတယ်ပေါ့😁😁
----------------------------
ရှောင်းကျန့်က မနက်စာကိုတော့  သူ့ကိုကို အတွက်သေချာလုပ်ပေးတယ် ၊ အရင်လို ကော်ဖီနဲ့ ပေါင်မုန့်ချည်းဘဲမဟုတ်ဘူး၊ ကျောင်းပိတ်ရက်မှာ သင်တန်းတက်ပြီး သေချာလေ့ကျင့်ထားတာ အဲ့တာကြောင့် မားအိမ်ဘက်က ကောင်မလေးတွေလာလုပ်ပေးစရာမလိုတော့ဘူး မနက်စာကော ညစာကော သူကိုယ်တိုင်လုပ်ပေးတယ် ၊ သူ့ကိုကို အစာအိမ်ဖြစ်မှာစိုးလို့တဲ့ နေ့လည်စာက သွားပို့ရသေးတယ် အလုပ်ထဲကို၊

အခုလည်း ရိပေါ်မနက်စာစားနေတာကို ပေါင်ပေါ်မှာထိုင်ပြီး ချွဲနေတာ

"ကိုကို မနက်ဖြန်ကျောင်းဖွင့်တော့မှာ ကလေးက နေ့လည်စာလာပို့လို့မရတော့ဘူး "

"ကလေး ကလည်း ကိုကို အဆင်ပြေပါတယ်"

"ကိုကိုက အလုပ်လုပ်ရင်ထမင်းမေ့ ဟင်းမေ့နဲ့ကို စိတ်မချပါဘူး"  နှုတ်ခမ်းလေးဆူပြီး  ပြောနေတဲ့ရှောင်းကျန့် လက်တေကလည်း ရိပေါ် မျက်နှာအစိတ်အပိုင်းလေးတွေကို တို့ထိပြီး ဆော့နေသေးတာ ၊  ရှောင်းကျန့် အလုပ်ထဲသွားရတဲ့ အကြောင်းက နောက်တခုရှိသေးတယ်၊

သူနဲ့ ရိပေါ်က လက်ထပ်ထားပေမယ့် မင်္ဂလာပွဲမလုပိတော့ အလုပ်ထဲမှာသိပ်မသိဘူးလေ ၊ ဂျီရုန်းက ဟိုတခေါက်အိမ်လာတော့ ရိပေါ်ကို ရုံးကကောင်မလေးတွေက မင်းကိုဆို လိုက်လိုက်ကြည့်နေတာ ၊CEO ရေခဲတုံးကြီးလို့ နာမည်ပေးထားတာ ဘာညာပြောပြီးထဲက နောက်တရက် ရှောင်းကျန့်  အလုပ်ထဲသွားပြီး ရိပေါ်က သူ့အပိုင်ဆိုတာ လူတိုင်းသိအောင် သွားလုပ်တာ ၊ အဲ့တာ အစစ်မတေက သူ့ကိုပါချစ်စရာလေးဆိုပြီး ဝိုင်းငမ်းကြလို့ ရိပေါ်ရဲ့နဂါးမျက်စောင်းအောက်မှာအကုန်လုံးပြာဖြစ်ကုန်ကြတာ 😏😏

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Where stories live. Discover now