part 8

5K 322 8
                                    

ဝမ်အိမ်တော်တွင်
ဝမ်မားမား ၊ ရှောင်းမားမား ၊ ဝမ်ရိပေါ် ရှောင်ကျန့်

လေးယောက်သာ မျက်နှာချင်းဆိုင်ထိုင်နေကြသည်
စကားဝိုင်းကို စတင်အသက်သွင်းသူက ဝမ်မားမား

" သားတို့က ဒီအခြေအနေတောင်ရောက်ပြီဆိုမှတော့ လက်ထပ်ဖို့ကိစ္စကို မားတို့ကတော့ အမြန်ဆုံးစီစဉ်ချင်တယ်"

"ကိုယ်ကတော့ ကန့်ကွက်ဖို့မရှိပါဘူ ၊ စောတာနဲ့ နောက်ကျတာဘဲကွာသွားတာကို "

"မား ညကပြောတော့ သားကျောင်းပြီးမှဆို "

"အခြေအနေ ခြင်းမတူဘူးလေ ကျန့်ကျန့် ၊ "

"သား ဘာမှတောင်မသိလိုက်တာကို ၊ သူ လုပ်တာအဲ့တာ "
ရှောင်းကျန့် ဝမ်ရိပေါ်ကို လက်ညှိုးထိုးကာ မကျေမနပ်ဖြင့်

"သားကတော့ ငြင်းစရာမရှိပါဘူး ၊  ရှောင်းကျန့်ကို သားတကယ်ချစ်တာပါ အဲ့တာကြောင့် အမြန်ဆုံးလက်ထပ်ချင်ပါတယ်"

"ဝမ်လေးက အဲ့လိုပြောနေမှတော့ ကျန့်ကျန့်လေးကို သားလက်ထဲအပ်ပါတယ်ကွယ်"  "

"မားး" ကျန့်ကျန့် ခမျာ ငိုမဲ့မဲ့ဖြင့်

"သားတော့ လက်မခံဘူးမား "  ငိုရင်း ပြေးထွက်သွားသော ကျန့်ကျန့်

-----------------------------
အိမ်ကိုငိုကြီးချက်မနဲ့ ပြန်လာသော ကျန့်ကျန့်ကြောင့် ယန်လီ အိမ်ရှေ့ပြေးထွက်ခါ
" ကျန့်ကျန်လေး  ဘာဖြစ်တာလဲ "

"ဗြဲးးး မားပေါ့ ကျန့်ကျန့်ကို ယောက်ျားအတင်းပေးစားနေတယ်၊ "

"အော် ကျန့်ကျန့်လေးရယ် ပါးပါးဂတိပေးထားတာကို မားကတည်အောင်လုပ်တာလေ၊ "

"ဟမ် ကျဲလည်းသိတယ်ပေါ့ ၊ ကျန့်ကျန့် တယောက်တည်းမသိတာပေါ့ ၊  ဟီးးးးး"
အာပြဲကြီးနဲ့ အော်ဟစ်ငိုနေသော ကျန့်ကျန့်

"မနေ့က မားပြောတော့ ကျန့်ကျန့်က လက်ခံတယ်ဆို ၊ "

"ကျောင်းပြီးမှလို့ပြောတာလေ ၊ ခုတော့ အရက်မူးပြီးကုတင်ပေါ်ရောက်သွားလို့ ခုချက်ချင်းပေးစားမယ်တဲ့"

ကျန်းယန်လီ ရယ်ချင်စိတ်ကိုထိန်းထားရင်း

"ကျန့်ကျန့်ကို  ဘယ်သူက အရက်တိုက်တာလဲ ၊  "

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Nơi câu chuyện tồn tại. Hãy khám phá bây giờ