part 28unicode

4.1K 134 1
                                    

ရိပေါ်အခန်းပြန်ရောက်တော့ ရှောင်းကျန့်က အဝတ်အစားကူလဲပေးတယ်။  ကုတင်ပေါ်မှာ ခဏလှဲနေတယ် ပြီးတော့ ထထိုင်တယ် ပြီးတော့ ရေချိုးခန်းထဲကိုဝင်လိုက်ထွက်လိုက် နည်းနည်းမှ ဂနာမငြိမ်၊ ခဏကြာတော့ ဂျီရုန်းတို့ ကျန်းချန်တို့နှင့်အတူရောက်လာပြီး

"ရိပေါ် မင်း ဘယ်လိုဖြစ်တာလဲ ၊"
ရိပေါ်ပြောပြလိုက်တော့

"မိုက်ရိုင်းလိုက်တာ ၊ ငါပြဿနာသွားရှာမယ် ခုဘဲ "
"ရှာစရာ မလိုတော့ဘူး၊ ခုဆို သူလည်းဆေးရုံရောက်နေလောက်ပြီ သုံးချက်လောက်ကတော့အနည်းဆုံးဘဲ "

ယွီပင်းက  ရှောင်းကျန့်အကြောင်းပြောပြတော့ အားလုံးက မယုံကြည်နိုင်ကြ ဘာလို့လဲဆိုတော့ ခုကြတော့ ရှောင်းကျန့်က ရိပေါ်ပုခုံးလေးပေါ်မှီရင်း သူ့ကိုကို ကို ချွဲနေတာကြောင့် ယွီပင်းကျိန်ပြောနေတာတောင် ဘယ်သူမှမယုံကြ၊ ရိပေါ်ကတော့ သူ့ကလေးကိုကြညိ့ပြီး ပြုံးနေတယ် ၊ မိမိ ရင်ခွင်ထဲက ယုန်ပေါက်လေးက မိမိကိုယ်ကာကွယ်ပေးရမယ့်အချိန်ကျတော့ တကယ့် ကျားတစ်ကောင်လိုဘဲ၊

"အဲ့တာဆို ငါတို့သွားမယ် မင်းလည်းနားလိုက်လေ"
"ဂျီရုန်း ခဏ ငါပြောစရာရှိတယ်"

"ကလေး ကိုယ်စကားခဏပြောလိုက်အုံးမယ်"

"အင်း ကိုကို "

အချိန်က ည ၁၂ နာရီကျော်ပြီဆိုတော့ ရိပေါ်မွေးနေ့ကိုရောက်ပြီ ။ ရှောင်းကျန့် လည်း မအိပ်ချင်တာကြောင့် ရေဝင်ချိုးနေလိုက်တယ် ။ အဝတ်အစားလဲပြီး ရိပေါ်ရောက်မလာသေးတာကြောင့် ဂျီရုန်းတို့အခန်းဘက်ထွက်လာခဲ့တယ်၊ အခန်းနားရောက်ခါနီးတော့

ရိပေါ်တို့လည်း ဂျီရုန်းတို့အခန်းထဲမှာ ဝမ်းသူဌေးအကြောင်းပြောနေရင်း ရိပေါ်က  ဂျီရုန်းကိုမျက်စပစ်ပြလိုက်တော့ "မုန့်ယောင် ငါရိပေါ်အခန်းပြန်လိုက်ပို့လိုက်အုံးမယ်"
အခန်းပြင်ရောက်တော့ ရိပေါ် က နံရံကိုမှီပြီးရပ်နေတယ်။

"ပြောလေ ဘာပြောမလို့လဲ"

"ငါ နေရတာတမျိုးကြီးဘဲ ၊ ဝမ်းချင်က ငါ့လဲနေတော့ ပါးစပ်ထဲကို ဘာအရည်တွေလည်းမသိဘူး လာလောင်းထည့်တယ်၊
ငါအခု တမျိုးကြီးဖြစ်နေတယ်၊ ငါ့ကိုယ်ငါ မနည်းထိန်းချုပ်နေရတယ်"

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Donde viven las historias. Descúbrelo ahora