part 18

5.3K 267 5
                                    

ရှောင်းကျန့်မေ့ဆေးအရှိန်နဲ့နိုးလာတော့ လူက သတိရတချက်မရတချက်၊အန္တရာယ်အငွေ့အသက်ကြောင့်  အားယူထလိုက်ပြီး  ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ တံခါးအပြင်ကတိုးဝင်လာတဲ့ အလင်းရောင်မှိန်ပြပြကြောင့်  ညမရောက်သေးပေမယ့် မကြာခင်ညရောက်တော့မယ်ဆိုတာလည်း သိနေသည်။

နိုးလာထဲက မိမိကိုဖမ်းခေါ်လာသောသူ တယောကိမှမတွေ့သော်လည်း တဖြည်းဖြည်းမှောင်လာသော အခန်းထဲတွင် တယောကိတည်းနေရခြင်းက  ရိုက်နှက်ခံရခြင်းထက်ပင်ပိုဆိုးသည်။တဖြည်းဖြည်းနဲ့ အခန်းထဲတွင် အမှောင်ထုက စိုးမိုးလာသည်။

မေ့ဆေးအရှိန် အမှောင်ကြောက်သောစိတ်တို့ကြောင့် ရှောင်းကျန့်ထိုင်နေရာမှ လဲကျသွားသည် ၊ ထိုအချိန်တွင် တံခါးပွင့်သွားပြီး မိမိထံသို့ပြေးဝင်လာသောသူကို ဝိုးတဝါးသာမြင်ရ၏။  မိမိအား ရင်ခွင်ထဲသို့ ဆွဲယူပြီး ပွေ့ချီလိုက်သော ရင်ခွင်တစ်စုံ

ရှောင်းကျန့် မျက်လုံးဖွင့်ကြည့်စရာမလိုအောင် ထိုရင်ခွင်၏နွေးထွေးမှု လုံခြုံမှုကြောင့် ဘယ်သူ့ရင်ခွင်လဲဆိုတာသူသိသည်။  ဟုတ်တယ် ဒီရင်ခွင်ဘဲ သူ့ကိုအမှောငိထဲမှာအမြဲကာကွယ်ပေးခဲ့တဲ့ ရင်ခွင် အနီးအနားမှာရှိလျက်နဲ့ အဝေးကိုသာ ကြည့်နေသောကြောင့် မမြင်တတ်ခဲ့တာကိုလည်းနောင်တရမိတယ်။

ဒီလောက်လုံခြုံပြီး နွေးထွေးတဲ့ရင်ခွင်ကိုသူဘယ်လောက်တောင့်တနေလဲဆိုတာ ပြောပြချင်ပေမယ့် ဆေးအရှိန်ကြောင့်အားမရှိသလိုဖြသ်နေတယ်။

ရှောင်းကျန့်  ရိပေါ်ခါးကိုပြန်ဖက်ထားပြီး စိတ်ချလကိချ အိပ်စက်လိုက်တယ် ၊ ကိုကိုရှိရင် အကုန်အဆင်ပြေတယ်ဆိုတဲ့စိတ်နဲ့ပေါ့

ရိပေါ်တံခါးဆွဲဖွင့်ပြီးအဝင် ကွေးကွေးလေးလဲကျနေသော ရှောင်းကျန့်ကိုမြင်တော့ အမြန်ပြေးသွားလိုက်ပြီး
ရင်ခွင်ထဲထည့်ထားလိုက်တယ် ၊ ပြီးတော့ ကျန်တဲ့ကိစ္စကို သူငယ်ချင်းတေနဲ့သာထားခဲ့ပြီး ကလေးကိုခေါ်ပြီး ဆေးရုံတန်းသွားလိုက်၏။

ဆေးရုံက မေ့ဆေးအရှိန်ကြောင့်သတိမေ့နေတာဖြစ်ပီး စိုးရိမ်စရာမရှိကြောင်းပြောတာကြောငိ့ အိမ်ပြန်ခေါ်လာခဲ့သည်။အိပ်နေတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Onde histórias criam vida. Descubra agora