part 5 unicode

4.2K 202 5
                                    

ရှောင်းကျန့် အခန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက် ရင်း ရှီးချန်ကောကို ချောင်းနေသော်လည်း မတွေ့
( ပေါ်ကြီးကို တောင်းပန်မလို့ဆို )

"ဘယ်သွားနေတာပါလိမ့် ၊ ဟိုနှစ်ကောင်ကလည်း အရေးအကြောင်းဆို ဆီးကရွှင်နေတယ်"

"ဟိတ် ၊ ဘယ်သူ့ကိုချောင်းနေတာလဲ "
အခန်းဝမှရုတ်တရတ်ထွပ်ပြောလိုက်သော ရိပေါ်ကြောင့် ရှောင်းကျန့် လန့်ပြီး အနောက်သို့ ဆုတ်လိုက်သောကြောင့် အနောက်ပြန်လဲမလို ဖြစ်သွားသော်လည်း ရုတ်တရက် လက်ကိုဆွဲယူပြီး ခါးကိုပွေ့လိုက်သော ရိပေါ်ကြောင့် ငါးစက္ကန့်လောက် မတ်တပ်မေ့သွားသည်။

"ကိုယ်က အဲ့လောက်တောင်ကြည့်ကောင်းလား " ဝမ်ရိပေါ် အသံကြားတော့မှ သတိဝင်လာသောရှောင်းကျန့်

"ဘယ်သူ့ကိုရှာနေတာလဲ အဲ့လောက်တောင်"

"ရိပေါ်ကော ကို" အသံတေတုန်နေပါတယ်နော်

"ငါ့ကို ဘာလုပ်ဖို့လဲ"

"ဟိုတနေ့က ကန်တင်းက ကိစ္စကိုတောင်းပန်ချင်လို့ပါ" ပြောရင်း လက်ထဲကိုထိုးပေးလာသော စတော်ဘယ်ရီဘူူးလေး

ရှောင်းကျန့် ယုန်သွားလေးပေါ်အောင်ပြုံးပြလိုက်ပြီး

" ဒီကောကော ကဘဲသဘောထားကြီးပြီး ခွင့်လွှတ်ပေးပါနော်"

ပြောချင်ရာပြောပြီး ပြေးထွက်သွားသော ယုန်ပေါက်

ဒီတခါယုန်ပြုစားခံလိုက်ရသူကတော့ ဟုတ်ပါတယ်
ဝမ်ချေချေပါ😁😁😁

ထွက်ပြေးသွားတဲ့ ယုန်ပေါက်ကတော့ ရင်တေခုန်ပြီး ဘာတွေပြောမိမှန်း မသိပါဘူူးတဲ့

သေချာတာကတော့ ကျန်ခဲ့တဲ့သူကော ထွက်ပြေးသွားတဲ့လူကော ရင်ခုန်သံခြင်း ထပ်တူကြနေခဲ့ပါတယ်
( အဲ့တာဘယ်သူမှမသိဘူးနော် ရေးတဲ့သူနဲ့ ဖတ်တဲ့သူဘဲသိပါတယ်😁)
-----------------------------
မှဲ့လေးမြင်တာနဲ့ အရည်ပျော်ကျသွားတဲ့ ဝမ်အချေတယောက် ယုန်သွားလေးနဲ့ အပြုံးကိုမြင်လိုက်ရတော့ ပျော်စရာအရည်တောင်မကျန်တော့ပါဘူး ၊

စတော်ဘယ်ရီဘူးလေးကိုင်ပြီးထိုင်ရယ်နေတဲ့ ဝမ်ရိပေါ်ကို သူငယ်ချင်းနှစ်ယောက်ကတော့ အထူးအဆန်းသဖွယ်ကြည့်ပြီး

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Donde viven las historias. Descúbrelo ahora