part 40unicode

4.2K 158 4
                                    

"ကလေးက ကိုကို့အပိုင် ၊"
"ကလေး ကိုကို မရတော့ဘူး"
"အင်း ကလေးလည်း လိုချင်တယ်"
ပြောပြီး သူ့နှုတ်ခမ်းကိုထိကပ်လာသော ရှောင်းကျန့် ၊ နှုတ်ခမ်းချင်းသာမက ခန္ဒာကိုယ်ချင်းပါ ပူးကပ်နေသော မြင်ကွင်းများ၊

ရိပေါ် မနက်ထလာတော့ အိမ်မက်ကိုပြန်စဉ်းစားကြည့်တေယ် အာခေါင်ခြောက်ပြီး ရေတောင်ငတ်လာတယ်။
မှောင်သွားတာကိုး သူက

ယုန်ပေါက်နဲ့သူက တကယ်ဘဲအဲ့လိုအခြေအနေတွေလား
ဒါမှမဟုတ် ကြိုးစားကြည့်ရမှာလား၊ ကိုယ့်အတွေးနဲ့ကိုယ် မှောင်နေမိတော့ စောစောစီးစီး ရေချိုးလိုက်ရတယ်။
-------------------
ရှောင်းကျန့် မားဆီလာတော့ ရိပေါ်ကိုတွေ့မလားလို့ချောင်းနေတယ် မျက်နှာပူလို့ ၊ ခုထိမတွေ့သေးတော့ မနိုးသေးဘူးထင်တယ်၊ အမြန်သွားဖို့လုပိနေပါတယ်ဆို မားက မနက်စာအတင်းစားခိုင်းနေတယ်

ရိပေါ်ဆင်းလာတော့ နှုတ်ခမ်းပေါက်လေးနဲ့ ရှောင်းကျန့်ကိုမြင်တော့ ပြန်တောင်မှောင်ချင်သွားတယ်။
ခပ်တည်တည်ဘဲ ရှေ့မှာဝင်ထိုင်လိုက်တယ်။ ရိပေါ် ထိုင်ပြီးကတည်းက ရှောင်းကျန့်ခေါင်းတောင်ပြန်မမော့တော့ဘူး ၊
အရှက်သည်းနေတာလေ အပျိုလေးဆိုတော့

မုန့်ယောင်အလိုက်မသိဝင်ပြောလိုက်တဲ့စကားကြောင့် ရှောင်းကျန့်မုန့်တောင်သီးသွားတယ်

"ကျန့်ကျန့် နှုတ်ခမ်းပေါက်နေတာလား ၊ မနေ့ကတောင်အကောင်းကြီး "

"နှုတ်ခမ်းပေါက်တာမဟုတ်ဘူး အပူကန်တာပါကောရဲ့ "

ရိပေါ် သဘောကျလွန်းလို့ ပြုံးပြီး ရှေ့မှာရှိတဲ့ ခွက်ကိုယူပြီး ကောက်သောက်လိုက်တယ် ၊

ရှောင်းကျန့်ကိုကြည့်ပြီးတော့ မျက်စိမှိတ်ပြလိုက်တယ် ပါးစပ်ကလည်း

"ချိုတယ်"
ပြောပြီး ခြံထဲထွက်လာလိုက်တယ်၊ သူထပ်နေရင် ယုန်ပေါက်မျက်နှာက ပေါင်မုန့်တောင်ကင်လို့ရနေပြီ ရဲနေတာ ။
ရယ်ပြီးထွက်သွားတဲ့ ရိပေါ်ကို ရှောင်းကျန့်ကလွဲပြီး ကျန်တဲ့လူတွေ ဆွံအနေကြတယ်။
ဟုတ်တယ်လေ ရေနွေးခွက်ကို ယူသောက်သွားပြီး ချိုတယ်ဆိုတော့

ရှောင်းကျန့်တို့စားပြီးထွက်လာတော့ ရိပေါ်က အိမ်ဝမှာ
"ကျန့်ကျန့် " ရှောင်းကျန့်လက်ကိုဖမ်းဆွဲတော့

မုန့်ယောင်က အလိုက်သိစွာနဲ့

"ကော သွားနှင့်မယ် ဝင်စရာရှိလို့"
"ရိပေါ် သွားပြီ"

ရှောင်းကျန့်လက်ထဲ ရေပုလင်းလေးထည့်ပေးပြီး

"ရေများများသောက် အပူကန်မယ်"😁😁

ရှက်ပြီး ထွက်သွားတဲ့ ယုန်ပေါက်ကို သူမြင်ကွင်းကပျောက်သွားတဲ့အထိကြည့်နေမိတယ်၊ မက်မွန်သီးနှစ်လုံးကညှစ်ချင်စရာလေး😈😈
ဝမ်ရိပေါ် အမှောင်ထဲကနေ မထွက်တော့ဘူး။
-----------------------
ရှီးချန် မနက်စောစော ဖုန်းလာတာကြောင့်နိုးသွားပြီ၊ မျက်လုံးမဖွင့်သေးဘဲ အိပ်ယာဘေးကဖုန်းကိုကိုင်လိုက်တယ်

ကြားလိုက်ရတဲ့စကားကြောင့် အိပ်ယာပေါ်ကနေ ကမန်းကတန်းဆင်းပြီး ဖုန်းကိုသေချာနားထောင်ပြီး ပြောနေတယ်၊ ဖုန်းပြောပြီး တာနဲ့ မုန့်ယောင်ကို ဖုန်းခေါ်ပြီးတွေ့ဖို့ပြောလိုက်တယ်၊ သူတယောက်ယောက်ကိုပြောပြသင့်နေပြီ။ ဖုန်းထဲကသူကြားလိုက်တာက

ကော်ဖီဆိုင်ရောက်တော့ မုန့်ယောင်ကရောက်နေပြီ။ သူ အချိန်ဆွဲမနေဘဲ အဖြစ်အပျက်တေပြောပြလိုက်တော့ အံ့သြတကြီးနဲ့
"အဲ့တာဆို ဂျီရုန်းလည်းမသေဘူးပေါ့"
"ဟုတ်တယ်၊ အစကတော့ မသေချာသေးလို့မပြောတာ ခုတော့ရိပေါ်ပါရောက်လာတော့ မှသေချာသွားတာ ၊ အခုလည်း ဟိုမှာစောင့်ခိုင်းထားတဲ့လူက ဖုန်းဆက်တယ်၊ ဂျီရုန်းသတိရပြီတဲ့ ငါသွားလိုက်မယ်၊"

မုန့်ယောင်သူငယ်ချင်းနှစ်ယောက်လုံး ဘာမှမဖြစ်တော့ ဝမ်းသာပြီးငိုနေတယ် ၊ ပြီးမှ

"ငါတို့ နှစ်ယောက်ဘဲသိတာလား"
"ဟုတ်တယ် ၊ ကျန့်ကျန့် ကိုပြောလို့မဖြစ်ဘူး၊ ဒီကိစ္စက တော်တော်ကျယ်ပြန့်တယ်၊ ငါတို့ဘာဖြစ်သွားလည်းစုံစမ်းတာ အစအနတောင်မရဘဲ ငါးနှစ်လုံး လူတယောက်ပိပိရိရိဖွက်ထားတာ နောက်ကွယ်ကလူကနည်းပေါ့သေးသေးမဟုတ်ဘူး၊ သူမသိတာအန္တရာယ်ကင်းတယ်"

"အဲ့တာတော့ ဟုတ်တယ်၊ ပြီးတော့ ရိပေါ်ကိစ္စက အဲ့တာဆို"
"ငါထင်တာတော့ အဲ့လောက်မရိုးဘူး၊ ဒါပေမယ့် သူ့ကိုစိတ်မပူလို့ရပါတယ် ရိပေါ်စိတ်မပါရင် ဘာကိုမှဂရုမစိုက်တာ မင်းသိသားဘဲဟာ"

"အင်း"
ရှီးချန်တို့စကားပြောနေတုန်း ဖုန်းထဲကိုမက်စေ့ဝင်လာတယ်၊ ကြည့်လိုက်တော့ မျက်လုံးထဲဒေါသကထောင်းခနဲ

"ငါ ရိပေါ်နဲ့စကားပြောဖို့လိုနေပြီ"
---------------------------------------------------------------------

ချက်ချင်းထပ်အပ်ပေးမယ်နော် ၊ ရိုက်တာစာများသွားလို့ 😁😁😁😁

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Donde viven las historias. Descúbrelo ahora