part 57

4.2K 259 8
                                    

ရှောင်းကျန့် အိပ်ယာနိုးတော့ ကိုကို မရှိတော့ဘူး၊ ကိုကို မနက်ဆိုအစောကြီးသွားတယ်  ညမိုးချုပ်မှပြန်လာတယ် သူ့ကို လည်းစကားမပြောတာ နှစ်ရက်ရှိပြီ ၊ ဒါပေမယ့် မနက်စာတော့ သေချာပြင်ပေးသွားတယ်၊ ကိုကိုရင်ခွင်နဲ့ဝေးပြီးနေရတာ တကယ်ကိုအဆင်မပြေဘူး😪😪

တကယ်တော့ရိပေါ်က သူ့ကိုရင်ခွင်ထဲထည့်အိပ်ပါတယ်နော်၊ ရှောင်းကျန့်က အအိပ်ဆတ်တော့ မသိတာပါ😅😅

ရှောင်းကျန့်အောက်ဆင်းလာပြီး မနက်စာစားတယ်၊ တကယ်တော့ စိတ်မကောင်းဖြစ်နေလို့ ဘာမှမစားချင်ပေမယ့် ကိုကိုလုပ်ပေးသွားတာမဟုတ်လား ၊

ရိပေါ် ကလေးကိုစကားမပြောချင်တာမဟုတ်ဘူး၊ ဒါပေမယ့် စကားပြောလို့ ကလေးက သွားမယ့်အကြောင်းပြောရင် သူတို့စကားများရအုံးမယ်၊ သူကလေးနဲ့ ရန်မဖြစ်ချင်ဘူး၊ အဲ့တာကြောင့်  မနက်စောစောထလာတာ

ဒီနေ့ ခရီးသွားစရာရှိတယ်၊ ပုံမှန်ဆို သူငြင်းမိမှာ ဒါပေမယ့် ကလေးနဲ့ အဆင်မပြေတော့ သူသွားဖို့လက်ခံလိုက်တယ်။ ခရီးသွားမယ့်အကြောင်းကိုတော့ ရှီးချန်ကိုဘဲလှမ်းပြောခိုင်းလိုက်တယ်၊

--------------------
ရှီးချန်ကော ဖုန်းဆက်တော့ ကိုကို ခရီးသွားမယ်ဆိုတာသိလိုက်တယ်၊ ကိုကို သူ့ကိုတော်တော်စိတ်ဆိုးနေတာဘဲ
သူဘယ်လိုလုပ်ရမလဲ ၊  ရှီးချန်ကောကို  မေးကြည့်တော့ ၅ရက်လောက်ကြာမယ်တဲ့ ၊ ရှောင်းကျန့် တခုခုကို ဆုံးဖြတ်လိုက်တယ်၊

ရှောင်းကျန့် အခုချုံချင်းသွားတဲ့ကားပေါ်မှာ ၊ ရိပေါ်ကိုဖုန်းဆက်တော့ ဖုန်းပိတ်ထားတယ်၊ သူရှီးချန်ကိုတော့ လှမ်းပြောလိုက်တယ်။

-------------------------
ရှောင်းကျန့် ချုံချင်းရောက်နေတာ နှစ်ရက်ရှိပြီ၊ ကိုကိုက ခုထိဖုန်းမဆက်ဘူး၊ ညက ရှီးချန်ကောနဲ့ လိုင်းပေါ်မှာစကားပြောဖြစ်တော့  ကိုကိုခရီးမသွားဖြစ်ဘူးတဲ့ အဲ့တာများဘာလို့ ခုထိမဆက်သွယ်တာလဲ ၊ ကလေးကို မုန်းသွားပြီလား ကိုကိုရယ်။

တကယ်တော့ ရှောင်းကျန့်ဒီကိုလာတာ စာမသင်ဖြစ်တော့တဲ့အကြောင်းလာပြောတာ၊ ဟုတ်တယ်လေ ကိုကိုနဲ့ အတိုက်အခံလုပ်ပြီး ဒီမှာလာနေရအောင် ကိုကိုပြောသလို ကလေးအတွက်အရေးကြီးတာ ဘယ်သူမှမှမရှိတာ၊ ကိုကိုက အရေးကြီးဆုံး၊ မနက်ဖြန်ပြန်တော့မှ ကိုကို့ကို သေချာပြန်ချော့ရမယ်၊  😁😁😁

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Nơi câu chuyện tồn tại. Hãy khám phá bây giờ