ဒုန်း ဒုန်း ဒုန်း
"ရိပေါ် စိတ်ထိန်းလေ ၊ ရိပေါ်"ချန်မေပြောတဲ့ အကြောင်းအရာအဆုံးမှာ ရိပေါ်သူ့ဒေါသတွေကို နံရံပေါ်သို့ ပုံချလိုက်တယ်။ ရက်စက်လိုက်ကြတာ သူ့ကို အိ်ပ်ဆေးတွေ နှစ်နဲ့ချီထိုးပြီး ၊ အကြိမ်ကြိမ် အိပ်ငွေ့ချခဲ့တာကြောင့်ပေါ့ သူ့ဦးနှောက်က အရင်ကအကြောင်းတေ မမှတ်မိနိုင်လောက်အောင်ပျက်ဆီးသွားတာ
လူတစ်ယောက်ကို ဘယ်လိုများအဲ့လိုလုပ်နိုင်ရတာလဲ ။ ဝမ်ရိပေါ် သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေကိုတုန်လှုပ်လွန်းလို့ အသိစိတ်တောင်မကပ်နိုင်တော့ဘူး။မုန့်ယောင်က သူ့အတွက်အခန်းတခန်းယူလိုက်ပြီး မိသားစုဆရာဝန်ကိုလှမ်းခေါ်ကာ စိတ်ငြိမ်ဆေးထိုးပြီး အိပ်ပျော်အောင်လုပ်ထားလိုက်တယ်။
မုန့်ယောင် ဒီဘက်အခန်းပြန်ရောက်တော့ ရှီးချန်တို့ကစကားဆက်ပြောနေတုန်း၊ စကားဝိုင်းထဲ ဝင်ထိုင်လိုက်ပြီး
"လောလောဆယ် ရှောင်းကျန့်နဲ့ လက်ထပ်ထားတဲ့ အကြောင်းပြောလို့မဖြစ်သေးဘူး၊ ရိပေါ်က စိတ်မြန်လက်မြန်နဲ့ ဝမ်းချောင်ကို ပြဿနာသွားရှာလိမ့်မယ်၊ အဲ့တာဆို ဝမ်းချောင် ရိပ်မိသွားလိမ့်မယ်"
"အဲ့တာတော့ ဟုတ်တယ် ၊ ငါတို့အစီအစဉ်တေပျက်လို့မဖြစ်ဘူး၊ ဝမ်းချောင်ကို သတိပေးသလိုဖြစ်သွားပြီး ထွက်ပြေးသွားမှ အကုန်ရှုပ်ကုန်မယ်"
"ခင်ဗျား အခုဘာဆက်လုပ်မှာလဲ" ရှီးချန်က ချနိမေကို မေးလိုက်တယ်
"ဖြစ်နိုင်ရင် ဒီနေ့ဘဲ ဒီကထွက်သွားချင်တယ်၊ လာလို့လဲဆိုတော့ ဝမ်းချောင်ရိပ်မိသွားရင် ကျွန်မတို့သားအမိကိုသတ်လိမ့်မယ်"
"ကောင်းပြီလေ ၊ လောလောဆယ်တော့ ဘန်ကောက်ကို အရင်သွားလိုက်ပါ ၊ အဲ့မှာ ကျွန်တော်အမရှိတယ် သူ့ဆီမှာ ခဏနေပြီး နောက်မှထပ်စီစဉ်ကြတာပေါ့"
"ကျေးဇူးတင်ပါတယ်"
"ရပါတယ်၊ ခင်ဗျားစိတ်ပြောင်းတာကိုဘဲ ကျေးဇူးတင်ပါတယ်၊ ပြီးတော့ သက်သေတွေက တကယ်အလုပ်ဖြစ်ပါစေလို့ဆုတောင်းရမှာပေါ့"
"အလုပ်ဖြစ်မှာပါ ၊ သူက ကျွန်မကို ယုံကြည်တယိလေ၊ သူ့စကားကို အမြဲနာခံတယ်ဆိုပြီးတော့ ၊ အဲ့ကိစ္စတေအကုန်ကျွန်မဘဲ လုပ်ပေးခဲ့ရတာ "

YOU ARE READING
အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞
ספרות חובביםမင်းကို လက်ထပ်ရပေမယ့် ငါလုံးဝမချစ်ဘူး အဲ့တာကြောင့် ဒီနေ့ကစပြီး စိတ်ဆင်းရဲစေရမယ် xiao zhan ကလေး ကိုယ့်ကိုမချစ်ပေမယ့် ကိုယ်ကတော့ ကလေးကို အရမ်းချစ်တယ် wang yi bo