part 33 unicode

3.8K 136 6
                                    

ရှောင်းကျန့် ခုလည်း ဆာကူရာပင်ကြီးအောက်မှာရောက်နေတယ် ၊ ဒီနေ့ကသူ့မွေးနေ့လေ နှစ်တိုင်း မွေးနေ့မတိုင်ခင်တရက်မှာ သူထွက်လာပြီး သူ့မွေးနေ့ကို တနေကုန် ဆာကူရာပင်အောက်မှာ ဖြတ်သနိးတယ် ၊နောက်တရက်မှ အိမ်ပြန်တယ် ၊ ဒါသူနှစ်တိုင်းလုပ်နေကြ အဲ့သုံးရက်ကို သူအပြညိ့အဝအနားယူပြီး ဆက်သွယ်ရေးတွေအကုန်ဖြတ်ထားတယ် ၊ ဘယ်လောက်အရေးကြီးကိစ္စရှိရှိ သူ့အမှတ်တရတွေ ပြန်တူးဆွဖို့ထက် ဘယ်အရာကိုမှဦးစားမပေးဘူး။



Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

အမှတ်တရတွေပြန်တွေးနေသော ကျန့်ကျန့်

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

အမှတ်တရတွေပြန်တွေးနေသော ကျန့်ကျန့်

-----------------------------------
မျက်စိတစ်ဆုံး စိမ်းလန်းနေသော စိုက်ခင်းများကြား အသီးအရွက်များကို ကူညီရိတ်သိမ်းပေးနေသောကောငိလေး ၊ စတွေ့စက ဖြူဖွေးသော အသားအရေက ယခုအခါ အညိုရောင်ဘက်သို့ ပြောင်းလုလု ၊ထိုလူသားကို ငေးကြည့်နေသော အဘိုးကြီးသည်  စတင်တွေ့ဆုံပုံကိုပြန်ပြောင်း အောင့်မေ့နေသည်။

ညတည အသီးအနှံတွေမြို့ကိုတင်ပို့ပြီး ပြန်အလာ လမ်းကြားတစ်ခုအတွင်းမှ ထွက်ပြေးလာသော ထိုလူသား ၊ မိမိကားနဲ့ တိုက်မိခဲ့ပြီး ဒဏ်ရာအကြီးအကျယ်မရဘဲ သတိလစ်သွားသောကြောင့် ကြောက်ကြောက်နဲ့ ကားပေါ်ခေါ်တင်ပြီး မောင်းထွက်လာခဲ့သည်။ ထိုကောင်လေးနောက်သို့ နောက်မှလူသုံးယောက်ပြေးလိုက်လာကြောင်းကို နောက်ကြည့်မှန်မှတဆင့် မြင်လိုက်ရသေးသည်။

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Nơi câu chuyện tồn tại. Hãy khám phá bây giờ