part 50

3.7K 216 10
                                    

"ရိပေါ် ကိုစတွေ့တုန်းက အသက်ကမျော့မျော့ဘဲရှိတယ်၊ ဒါပေမယ့် သူကအသက်ပြင်းတယ်၊ တစ်နှစ်လောက်သတိမေ့နေတာ ၊ သူသတိမေ့နေတဲ့ အချိန် ကျဲဘဲ ဘေးနားမှာ ပြုစုပေးခဲ့တယ်၊ သတိရလာတော့လည်း ဘာမှမမှတ်မိတာကြောင့် ကျဲဘဲအနားမှာ မိသားစုဝင်တယောက်လိုနေပေးခဲ့တယ်။ "

အရင်က အကြောင်းတေကို တမ်းတသလို ပြောနေတဲ့ ချန်မေကို ရှောင်းကျန့် ဂရုဏာသက်သလိုကြည့်နေတယ်။ ဖေးဖေးလေး ကလည်း အပေါ်တက်လိုက် ၊ အောက်ဆင်းလာလိုက်နဲ့ဆော့နေတယ်။ ရှောင်းကျန့် ဖေးဖေးကိုကြည့်နေရင်းက ချန်မေစကားတေကို အာရုံစိုက်လိုက်ပြန်တယ်။

"အဲ့လိုနေလာကြရင်း တရက်တော့ ကျဲကို သူချစ်တဲ့အကြောင်းဝန်ခံခဲ့တယ်၊ ကျဲ
အစကငြင်းပါသေးတယ်၊ ဒါပေမယ့် ရိပေါ်က ခေါင်းမာတယ် ၊ သူလိုချင်ရင် ရအောင်တောင်းဆိုတယ်၊ နောက်တော့ သူ့အချစ်တေကို ဥပေက္ခာမပြုနိုင်တော့ဘူး၊ ရိပေါ်  အချစ်တေကို လက်ခံခဲ့တယ်၊ အဲ့အချိန်တေက သိပ်ကိုပျော်စရာကောင်းခဲ့တယ်"

ရှောင်းကျန့်ရင်ထဲ နင့်ကနဲဘဲ ၊ သူသိတာပေါ့ ကိုကိုဟာ အရမ်းခေါင်းမာတဲ့လူတစိယောက်ဆိုတာ

"သမီးလေးနဲ့လည်း သိပ်ပျော်ခဲ့ကြတယ် ၊ ဒီကိုပြန်မလာခင်အထိပေါ့၊ ရိပေါ်ဟာ ဒီရောက်ပြီးကတည်းက အရင်လိုမဟုတ်တော့ဘူး ကျဲအပေါ်မှာ ဆက်ဆံတာတွေက ၊ သမီးလေးကိုလည်းစိမ်းသွားတယ်။"

"ကျွန်တော့ ကိုဘာလို့ အဲ့တာတွေလာပြောနေတာလဲ ချန်မေကျဲ"

"ဘာလို့လဲဆိုတော့ ရိပေါ်က ရှောင်းကျန့်ကို စိတ်ကစားနေလို့လေ ၊ ယောက်ျားလေးတယောက် အပေါ် အသစ်အဆန်း အနေနဲ့ စိတ်ဝင်စားနေလို့လေ"

ဘယ်လိုတောင်ရိုင်းစိုင်းတဲ့ အသုံးအနှုန်းမျိုးလဲ ၊ ရှောင်းကျန့်ဒေါသကြောင့် ခုံပေါ်မှာထိုင်နေရာကနေ မတ်တပ်ရပ်လိုက်တော့

"ရှောင်းကျန့် စိတ်မဆိုးပါနဲ့ ၊ ကျဲပြောတာ ဆုံးအောင်နားထောင်ပါအုံး၊ ရှောင်းကျန့်တို့အခြေအနေကို ကျဲအားလုံးသိတယ်၊ ရိပေါ်က ရှောင်းကျန့်နဲ့ အိပ်ယာပေါ်က ကိစ္စတွေကိုဝန်ခံပြီးသား၊ ကျဲကိုချစ်ပေမယ့် ယောက်ျားလေးတယောက်နဲ့  အိပ်ယာထဲကကိစ္စကို ပိုစွဲလမ်းနေတာကြောင့် ကျဲကို ကွာရှင်းပါရစေတဲ့"

အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞Où les histoires vivent. Découvrez maintenant