ရိပေါ် စောစောနိုးနေတော့ ရင်ခွင်ထဲက ရှောင်းကျန့်ကိုကြည့်လိုက်တယ် မျက်နှာလေးက သွေးရောင်လွှမ်းနေပြီ ၊ တော်သေးတာပေါ့ ၊ ရှောင်းကျန့်နိုးလာရင်တခုခု စားဖို့သူသွားလုပ်ခိုင်းအုံးမယ်ဆိုပြီး အိပ်ယာကထခဲ့လိုက်တယ်။မထခင်နဖူးကို ခပ်ဖွဖွနမ်းလိုက်တယ် ပါးစပ်ကလည်း
"morning baby"
ရိပေါ် သူ့လုပ်ရပ်ကို သူပြန်အံ့သြသွားတယ်၊ သူ့ခန္ဒာကိုယ်က သူလုပ်နေကြလုပ်ငန်းတခုကိုလုပ်လိုက်သလိုဘဲ ၊ရိပေါ် မားတို့အိမ်ရောက်တော့ ချန်မေက သူကိစ္စရှိလို့ သူ့အမျိုးတေဆီသွားမလို့ နှစ်ရက်လောက်ကြာမယ်လို့ပြောတယ်၊ ရိပေါ် ခေါင်းတချက်ငြိမ့်ပြလိုက်ပြီး ဖေးဖေးလေးကို ကောက်ချီကာ တချက်နမ်းပြီး မီးဖိုထဲဝင်လာခဲ့တယ်၊ အိမ်အကူကောင်မလေးတွေကို ရှောင်းကျန့်အတွက်ဆန်ပြုတ် ပြုတ်ဖို့ပြောနေတာ ချန်မေ အပြင်ထွက်ခါနီးကြားလိုက်သေးတယ်။
-------ရှောင်းကျန့်နိုးလာတော့ ညကအိမ်မက်ကိုပြန်စဉ်းစားနေတယ်၊ ကိုကိုက ညက အိမ်မက်ထဲမှာသူ့ကို ဖက်ထားတယ် စိတ်ကူးနဲ့တောင် ပျော်လွန်းလို့ ထတောင်ခုန်ချင်တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ရှောင်းကျန့် စဉ်းစားရင်း မျက်ရည်ကကျလာတယ်
တံခါးခေါက်သံကြားလိုက်တော့ မုန့်ယောင်လာတယ်ထင်ပြီး တံခါးပေါက်ကိုကြည့်လိုက်တော့ ကိုကို
မျက်ရည်ကို အမြန်သုတ်လိုက်တယ် ကိုကို စိတ်အနှောင့်အယှက်မဖြစ်စေချင်ဘူး"နိုးနေပြီလား "
"ဟုတ်"
"ဆန်ပြုတ်ယူလာတယ် စားပြီးဆေးသောကိရအောင်၊
မုန့်ယောင်က ညကပြန်သွားတာ ၊ပြန်မလာသေးဘူး""ဟုတ်"
ရှောင်းကျန့် စိတ်လှုပ်ရှားနေတာကြောင့် စကားတောင်မပြောနိုင်ဘူး ၊ ကိုကို ကသူ့အခန်းကိုရောက်နေတယ်ဆိုတော့
"မျက်နှာသစ်လိုက်အုံးလေ ၊ ထနိုင်လား ၊ မထနိုင်လည်းကိစ္စမရှိဘူး ကိုယ်လုပ်ပေးမယ်"
"ရတယ် ကိုကို ကလေး ကိုယ့်ဘာကိုယ်လုပ်မယ်"
ရှောင်းကျန့်ပြောပြီးမှ အသုံအနှုန်းမှားသွားပြီလားလို့ ရိပေါ်ကိုကြည့်တော့ သတိမထားမိလိုက်သလို၊ ဆန်ပြုတ်ကိုအေးအောင်မှုတ်နေတယ် ၊
တကယ်တော့ ရိပေါ် ရင်တေတုန်လို့ ဆန်ပြုတ်ကို ရမယ်ရှာနေတာ
BẠN ĐANG ĐỌC
အချစ်ထောင်ချောက်( zawgyi / unicode)🔞🔞🔞
Fanfictionမင်းကို လက်ထပ်ရပေမယ့် ငါလုံးဝမချစ်ဘူး အဲ့တာကြောင့် ဒီနေ့ကစပြီး စိတ်ဆင်းရဲစေရမယ် xiao zhan ကလေး ကိုယ့်ကိုမချစ်ပေမယ့် ကိုယ်ကတော့ ကလေးကို အရမ်းချစ်တယ် wang yi bo