2 🐀

43.1K 4.4K 306
                                    

Next day,next morning,

ကန်ရေပြင်ကြီးကို မျက်နှာမူကာ
လေနုအေးလေးတွေကိုခံစားနေရင်း
အနောက်ကခြေလှမ်းခပ်ဖွဖွကြောင့် တစ်စုံတစ်ယောက်လာနေမှန်း ခံစားမိ၏ ။

"ကို "

ကို ဟုခေါ်သံကြောင့်အနောက်ကိုလှည့်ကြည့်ရာ
မြင်နေရသူက နွယ်နီ ။

"နွယ် "

"ကို ဘာလုပ်နေတာလဲ
နွယ့်ကိုစောင့်နေတာလား "

ကျွန်တော့်ရဲ့ဘယ်နှစ်ယောက်မြောက်မှန်း သေချာမသိတော့တဲ့ ရည်းစားနွယ် ။ လမ်းခွဲပြီးကာမှ ပိုလှလာတယ် ။

"မောင် "

ဒီတစ်ခါဘေးနားကနေ မောင် ဟုထပ်ခေါ် လာသူနောက်တစ်ယောက်ကြောင့် ကြည့်မိရာ
ဆံနွယ်ရှည်ရှည်လေးတွေကို ဖြန့်ကာချထားသည့်
မ ကျွန်တော့်ရဲ့မ ။

"မ "

ဒါလည်း ဘယ်နှစ်ယောက်မြောက်မှန်း သေချာမသိပေမယ့် ကျွန့်တော့်ရဲ့ ရည်းစားဟောင်းမဟာဆန်တဲ့ မမ ။

"ကိုကို "

ခေါ်ပြန်ပြီ ကိုကိုတဲ့ ။ ဒီတစ်ခါဘယ်သူပါလိမ့်
အတွေးနဲ့အတူအသံလာရာ လှည့်ကြည့်မိပြန်တော့
ဘာဘီရုပ်လေးနဲ့တူတဲ့ ကျွန်တော့်ရဲ့ baby လေး
Pinky ။

"မြတ် "

ဒီတစ်ခါခေါ်သူကိုတော့လှည့်မကြည့်လည်း သိပါသည် ။ * မြတ် လို့ခေါ်တာ မွန်လေးတစ်ယောက်တည်း ရှိခဲ့တာမို့ ။
အရပ်လေးမျက်နှာ ပတ်ပတ်လည် ရည်းစားဟောင်းတွေ ဝိုင်းလာလာတော့
ဘာကိုလုပ်ရမှန်းမသိ ။

"နွယ်ရော မရော baby လေးရော
မွန်ရော ဘယ်လိုလုပ်.... "

"ကို ဘယ်သူတွေလဲဟင် "

"မောင် မကိုရှင်းပြပါဦး "

"ကိုကိုနော် baby စိတ်ဆိုးတယ် "

"မြတ် နင့်ကိုယုံတယ်နော် "

တစ်ယောက်တစ်ပေါက်နဲ့ ပြောကာ အနားနားကိုတိုးကာကပ်လာကြသည်။

"ဟို ဟို... "

"ကို နွယ်နဲ့လိုက်ခဲ့ "

"မ ဆီကိုပဲ လာခဲ့ "

"ကိုကို baby ငိုမှာနော် "

"မြတ်... "

အပြောပါမက လူကိုအလယ်ကထားပြီး
ဆွဲလားရမ်းလားလုပ်လာကြတော့ ကြာရင်
လူက လေးခြမ်းကွဲတော့မည် ။

ကိုကိုက ကြွက်...ကျွန်တော်က ကြောင်Where stories live. Discover now