At Jade private hospital ,
VIP သီးသန့်ခန်းအကျယ်ကြီးထဲရှိ ဟိုဘက်ဒီဘက်ကုတင်ပေါ်မှာ လှဲအိပ်နေသည့် ကောင်လေးနှစ်ယောက်ကို ဆေးရုံရဲ့အတော်ဆုံး ဆရာဝန်ကြီးကိုယ်တိုင် စမ်းသပ်ကာ
ဆေးထိုးဆေးချိတ်ပေးနေသည် ။ ဘယ်ဘက်ကုတင်ပေါ်ကကောင်လေးက
သတိရနေပေမယ့် ညာဘက်ကုတင်ပေါ်က ပုဆိုးလေးနဲ့ကောင်လေးကတော့ မျက်လုံးလေး မှိတ်နေဆဲ ။ ဆရာဝန်ကြီးကိုယ်တိုင်သေချာ စမ်းသပ်စစ်ဆေးပြီးတာနှင့် ဘေးနားကရပ်နေသူ
ဦးထွဋ်ခေါင်နဲ့ ဒေါ်မြတ်သူတို့က"Doctor သားတို့အခြေအနေ "
"စိတ်မပူပါနဲ့ အစပ်စားလွန်သွားတာပါ
နှစ်ယောက်လုံး ဘာမှမဖြစ်ပါဘူး
သူဌေးနဲ့သူဌေးကတော် "Jade car showroom ကတာဝန်ယူ
ဆောက်လုပ်လှူဒါန်းထားသည့် private ဆေးရုံကြီးဖြစ်တာကြောင့် ဆေးရုံရှိဆရာဝန်
ဆရာမအားလုံးက တလေးတစားဆက်ဆံကြတာ
မဆန်းပါ ။"တော်သေးတာပေါ့ doctor ရယ်
ကျွန်မမှာလန့်ဖျက်သွားတာပဲ ဘာလုပ်ရမှန်းမသိတာနဲ့ ဖေကြီးကိုချက်ချင်း
ဖုန်းဆက်ခေါ်ရတာ ""ကျွန်တော်လဲ အလုပ်ကိစ္စတွေအကုန်ဖျက်ပြီး
လာလိုက်တာ တော်တော်ဆိုးတဲ့သား ""ငယ်သေးလို့ပါ စိတ်မပူပါနဲ့တော့
သားလေးထွဋ်ခေါင်လည်းဘာမှမဖြစ်သလို
ဒီဘက်ကသားလေးရော ဘာမှမဖြစ်ပါဘူး ""ဟုတ်ကဲ့ ကျေးဇူးပါ doctor "
"မလိုပါဘူးဗျာ ဒါဆို ကျွန်တော့်ကို
သွားခွင့်ပြုပါဦး သူဌေး
ခဏနေတစ်ခါလာကြည့်ပေးပါ့မယ် ""ဟုတ်ကဲ့ doctor "
ဆရာဝန်ကြီးပြောကာထွက်သွားမှ နှစ်ယောက်လုံး သက်ပြင်းချနိုင်ကာ သားတော်မောင်ကို ကြည့်တော့ ကုတင်ပေါ်မှာရှိမနေ ။ သားအိမ့်ခရဲ့
ကုတင်နားမှာထိုင်လို့နေသည် ။"သား နေလို့ကောင်းပြီလား
ဗိုက်နာသေးလား ပူသေးလား ""ဘာမှမဖြစ်တော့ဘူး mommy
သားကအဆင်ပြေနေပြီ ကိုကိုပဲ
အဆင်မပြေဘူးလားမသိဘူး ""သားအိမ့်ခ ခဏနေသတိရလာမှာပါ
ဆရာဝန်ကြီးပြောသွားတာ သားလည်းကြားတာပဲကို ဒါကြောင့် စိတ်မပူပဲ ကုတင်ပေါ်မှာပြန်လှဲနေပါ "

YOU ARE READING
ကိုကိုက ကြွက်...ကျွန်တော်က ကြောင်
Romanceဒီတစ်ခါ ဖန်တီးချင်တာလေးကတော့ တွေ့တာနဲ့ သူချေကိုယ်ချေ သူကိုက်ကိုယ်ကိုက် အမြဲ fight နေတဲ့ Uke ကိုကိုနဲ့ seme ညီညီ လေးကိုအသက်သွင်းချင်ပါတယ်ဗျ အားပေးပါဦးနော်.... ❤ ဒါဒါလေးတွေကို အမြဲချစ်ခင်လေးစားလျက်... Jasmine ..... Unicode ဒီတစ်ခါ ဖန်တီးချင်တာလေးက...