28 🐀

30.1K 3.1K 737
                                    

ထိုနေ့ညနေခင်း
At 6 : 00 pm,

ဖြေးဖြေးမှန်မှန်နဲ့တရွေ့ရွေ့မှောင်းနှင်လာပြီး
နေပူချိန်လင့်ပြီးညနေစောင်းကာမှ ရန်ကုန်သို့
ပြန်ရောက်လာခဲ့သည် ။

သားတော်မောင်ရှာသွားသည့်ပြဿနာတစ်ခု ချင်းဆီကိုလိုက်ကာရှင်းနေရသည် ။ ယခု တစ်ခုပြီးတော့ ခရေတို့ဆီအကြောင်းကြားဖို့
အကျိုးအကြောင်းပြောပြဖို့ရာတစ်ခုကျန်ပေပြီ။
ခဏအကြာမောင်းခဲ့ပြီးသော် နေထိုင်ရာ ခြံရှေ့ကိုရောက်ရှိလို့လာသည် ။ အိမ်ဝန်းထဲ မဝင်ခင်ခြံရှေ့၌ မာစီးဒီးကားအနက်ကြီး တစ်စီးလည်းရပ်လို့နေပြီး လူနှစ်ယောက်ကိုပါ တွေ့မြင်နေရသည် ။ အခြားသူတွေမဟုတ်ပါ။
သားအိမ့်ခရဲ့ဖေဖေနဲ့မေမေ ။

"ခရေ.... "

ကားပေါ်ကအမြန်ဆင်းခဲ့ပြီးခေါ်လိုက်တော့
သူမတို့လှည့်ကြည့်လာပြီး

"မြတ်သူ ရောက်လာပြီလား
စောင့်နေတာ "

"ခရေတို့.... ဘယ်လိုလုပ်
မဟုတ်မှလွဲ သားတို့အကြောင်းများ .."

"ဘာအကြောင်းလဲ မြတ်သူရေ
ဒီမှာလေ ဖေကြီးကရန်ကုန်ကို
အလုပ်နဲ့လာတာလေ အဲတာကြုံတာရော
သားကိုလွမ်းတာရော မြတ်သူကိုပါတွေ့ချင်လို့
ခရေပါလိုက်လာတာ ခုနကပဲရောက်တာ "

တော်ပါသေးသည် သားတို့အကြောင်းများသိလို့
ရောက်လာတယ်ထင်နေတာ ။ ဘယ်လိုပဲဖြစ်ဖြစ်
ခရေရောက်လာတာ အချိန်ကောင်းပါသည် ။ ပုဂံအပြန်တစ်ခါတည်းဝင်ပြောခဲ့ဖို့ကလည်း
ဗြုန်းဒိုင်းကြီးဖြစ်နေခဲ့တာ အခုရောက်လာ တော့လည်းကောင်းပါတယ် မန်းလေးကို
ထပ်သွားစရာမလိုတော့ဘူး ။

"သတိရနေတာ ခရေ
လာ အိမ်ထဲဝင်ရအောင်
ပင်ပန်းခဲ့ရောပေါ့
လာ ခရေ
ကိုကြီးရေ မြတ်တို့ဝင်နှင့်ပြီ "

ခရေလက်ကိုတွဲကာ အိမ်ဝန်းထဲကို
လျှောက်လှမ်းကာဝင်ခဲ့တော့သည် ။
ကြည့်ရသည်မှာ အချိန်ဆွဲလို့ပင်မရတော့ပဲ
ဒီညနေခင်းမှာတင်အလုံးစုံဖွင့်ပြောပြရတော့မည်။
အကြောင်းကား သားရောသားအိမ့်ခရော နှစ်ယောက်စလုံးအိမ်မှာမှမရှိပဲ.....။

-
-
-
-
-
-

Time skip >>>>>>
Next morning,
At 7 : 00 am,

ကျွိ ကျွိ ကျွိ ကျွိ....ကျလိ ကျလိ ကျလိ

ကိုကိုက ကြွက်...ကျွန်တော်က ကြောင်Where stories live. Discover now