20 🐀

40.3K 3.9K 833
                                    

At Jade hospital,
At 11: 00 am,

စွဲမက်ဖွယ်အနမ်းတွေရပ်တန့်ချိန်မှာ
ယုန်ဖြူလေးကျွန်တော့်ရင်ခွင်ထဲကို
တစ်ကိုယ်လုံးအတင်းကိုတိုးဝှေ့ဝင်လာသည် ။ ပုခုံးထပ်လက်ကလေးတို့လည်း ရင်ခွင်အစုံကို ဆုပ်ကိုင်လို့ရယ် ။ အနှီယုန်ဖြူလေးအား ပြန်လည်ပွေ့ဖက်ထွေးပိုက်လိုက်ပြီး

"ကိုကို ကြိုးစားပေးပါ
ကျွန်တော်စကားပြောချိန် ရင်ခုန်လာအောင်
ကြိုးစားပေးပါ ကျွန်တော့်အထိအတွေ့လေးမှာ
ကိုကိုရင်ခုန်လာအောင်ကြိုစားပေးပါ
တစ်ခုခုဆို ကျွန်တော့်ကိုအရင်သတိရဖို့်
ကိုကိုကြိုးစားပေးပါ ကျွန်တော့်ကိုပိုင်ဆိုင်ဖို့ရော
ကြိုးစားပေးပါ ကျွန်တော့်ကိုချစ်လာအောင်
ကျွန်တော့်ကိုယုံကြည်လာအောင်
တဖြေးဖြေးနဲ့ ကြိုးစားပေးပါနော်
ကိုကို့အတွက်ခက်ခဲမှန်းသိပါတယ်
ချက်ချင်းကြီးလက်မခံနိုင်မှန်းသိပါတယ်နော်
ဒါကြောင့် ဖြေးဖြေးချင်းကြိုးစားပြီး
ကျွန်တော့်ကိုပဲကြည့်ပေးပါ "

ရင်ခွင်ထဲလူလုံးလေးပင်မပေါ်အောင်
ဖက်ထားခြင်းခံရသည့်ယုန်ဖြူလေးကငြိမ်လို့
ထိုကြောင့်ကျွန်တော်ကပင်ဆက်ပြီး

"ဓားဒဏ်ရာလေးက ကျွန်တော့်ကိုချစ်တဲ့ သက်သေလို့ပြောခဲ့ပေမယ့် ကိုကိုကျွန်တော့်ကို
ယုံကြည်လာတဲ့တစ်နေ့ကျရင်တော့ ကိုကို့နှုတ်ခမ်းပါးလေးကနေ ကျွန်တော့်ကို
* ခေါင် မင်းကိုကိုကိုချစ်တယ် * ဆိုတာလေးကို
ကိုကိုပြောရမယ် "

အင်း အဲ မလုပ်တဲ့ရင်ခွင်ထဲကယုန်ဖြူလေးကို

"ကိုကို ကျွန်တော်ပြောနေတာတွေ
ကြားရဲ့လားဟင် ဖြေပါဦး "

"...."

"ကိုကိုလို့ "

"အင်းဆို "

"ဘာကိုအင်းလဲ ကိုကို
ကျွန်တော့်ကိုကြည့်ပြီးဖြေပေး "

ပုခုံးလေးကိုဆွဲဆုပ်ကိုင်ကာ ရင်ခွင်ထဲက
ထွက်စေသည် ။ အနှီလူသားလေး လူကိုမကြည့်။

"ကိုကို ရှက်နေတာလား "

မေးစရာမလိုအောင်ကိုအဖြေကရှိနေပြီးသားပါ။
ပါးနုနုလေးသာမကနားဖျားလေးတွေရော
ခပ်ရဲရဲချယ်ရီရောင်လေးတွေရစ်သန်းလို့ ။
ဖူးပွင့်စိုစွတ်နေသည့်နှုတ်ခမ်းပါးလေးက
နောက်တစ်ခါထပ်နမ်းချင်အောင်ကို ဆွဲဆောင်လွန်းနေသေးသည် ။

ကိုကိုက ကြွက်...ကျွန်တော်က ကြောင်Where stories live. Discover now