19 🐭

37.8K 3.9K 824
                                    

ထိုနေ့ ညအချိန်ဝယ်,
At 8: 00 pm,

နဖူးပေါ်လက်တင်ကာ ဟိုတွေးဒီတွေး ။
ကြောင်ဆိုးလေးက ကျွန်တော့်ကိုစဉ်းစားချိန်
တစ်ရက် ပေးပါတယ် ။ ဒါတောင် ၁၀ စက္ကန့် လုပ်နေလို့ မနည်းရအောင်ပြောဆိုပြီး တစ်ရက်ရခဲ့တာ ။

အမှန်က ကျွန်တော်မှာအဖြေရှိပြီးသားပါ ။
စဉ်းစားစရာမလိုအပ်လောက်အောင် သူ့အတွက်အဖြေရှိပြီးသား ။

အချစ်ကို ပထမဦးစွာခံစားနားလည်ခဲ့ပြီ ။
ပထမဦးစွာ လူတစ်ယောက်ကိုချစ်တတ်ခဲ့ပြီ ။
ထိုသူက မင်းမြတ်ထွဋ်ခေါင် ဆိုတဲ့သူ ။ ကျွန်တော့်ရဲ့ချစ်ရသူအချစ်ဦးက မျိုးတူ ယောက်ကျားလေးတစ်ယောက် ။ တကယ် ကိုယ်တိုင်တောင်နားမလည်ခဲ့ဘူး ။ မျိုးတူ ယောက်ကျားလေးတစ်ယောက်ကို ဒီလောက်ထိ
ချစ်မိသွားမယ်လို့တကယ်ကိုမထင်ခဲ့မိတာ ။
သူ့မျက်ရည်တွေမြင်နေရရင် အရာရာကို ဖြည့်ဆည်းပေးချင်လောက်အောင်ကို ဖြစ်သွားခဲ့တာ ။ အချိန်ခဏလေးအတွင်းမှာ
ဖြစ်ပေါ်လာတဲ့ခံစားချက်တွေက နက်ရှိုင်းလွန်းပါတယ် ။

အမှန်ပြောရရင် ကိုကိုမင်းကိုမယုံရဲဘူး ခေါင်
မင်းရဲ့အရင်ကောင်မလေးတွေလိုမျိုး ထားခံခဲ့ရမှာကို ကိုကိုကြောက်တယ်
ဒါပေမယ့်လေ အဲလိုထားခံရလို့နာကျင်ရမှာထက်
အခုလိုခံစားချက်တွေကိုဖုန်းကွယ်ပြီးနေရတာက
ပိုနာကျင်နေတယ် ....ဘာကိုဆက်လုပ်ရမလဲ
မင်းသိပ်ဆိုးတယ် ခေါင်
ကိုကို့ကိုရုန်းထွက်ဖို့ခက်ခဲလွန်းအောင်ကို
စွဲလန်းစေခဲ့တာ မင်းသိပ်ဆိုးတယ်

ဒေါက် ဒေါက် ဒေါက်

ကုတင်ပေါ်လှဲအိပ်ရင်းအတွေးယှဉ်ကြောထဲ
မျောနေမိစဉ် အခန်းတံခါးဆီမှအသံကြောင့်
အတွေးတွေကိုလက်ဆသတ်ပြီး တံခါးသွားဖွင့်ပေးတော့ မြင်နေရသူက
သူ ။ မြင်နေရရုံနဲ့တစတစခပ်ရှိန်းရှိန်းဖြစ်လာပြီး
နှလုံးခုန်သံတွေပါမူမမှန်ချင် ။

"ကိုကို ဘာလုပ်နေတာလဲ
အိပ်နေပြီလား "

"အင်း မအိပ်သေးဘူး
စာဖတ်နေတာ "

"ဟုတ် မနှောက်ယှက်တော့ဘူးနော်
သွားပြီနော် ကိုကို "

တမနက်ခင်းလုံးလျစ်လျူရှုထားခြင်းခံရတာ
အခုတော့ ကိုကိုစကားကောင်းကောင်းပြန်ပြောပြီ
ထို့အပြင် ကျွန်တော့်ခံစားချက်တွေကို စဉ်းစားပေးပါ့မယ်တဲ့ ။ အိပ်မက် အိပ်မက်
မဟုတ်ပါဘူး တကယ်ဖြစ်ပျက်နေတာပါ ။
မယုံကြည်နိုင်သေးလို့ ကိုယ့်လက်ကိုကိုယ်
အပ်နဲ့ထိုးကြည့်တော့

ကိုကိုက ကြွက်...ကျွန်တော်က ကြောင်Tahanan ng mga kuwento. Tumuklas ngayon