18 🐀

37.4K 4.1K 412
                                    

ရန်ကုန်လမ်းမကြီးတစ်နေရာပေါ် ပြိုင်ကားအနီလေးဖြတ်ပြေးမောင်းနှင်လို့
နေသည်။ အသံရှူသံညှင်းညှင်းလေးတွေမှတစ်ပါး တိတ်ဆိတ်ငြိမ်သက်လို့ ။

"အင့် "

ရှိုက်သံသေးသေးလေးတစ်ခုက ကားနောက်ခန်းမှ
တိုးထွက်လို့လာသည်။ ရှိုက်သံလေးထွက်လာပြီး
ပြိုင်ကားလေးလည်းတိကနဲ့ရပ်လို့သွားသည်။

"အင့် "

နှုတ်ခမ်းပါးအောက်ကို နစ်နစ်နဲနဲဖိကိုက်ထားပြီး
မျက်ရည်တွေကိုထိန်းထားပေမယ့် ပါးပေါ် အဆက်မပျက်ကျဆင်းလာသည်သာမက သူမကြားလေအောင် ထိန်းထားသည့်ငိုရှိုက်သံပင်
အင့်ကနဲ့ ။ ခေါင် သူကြားသွားသည်နှင့် ကားကိုချက်ချင်းရပ်ကာ အနောက်တံခါးကို ဖွင့်လို့လာကာ

"ကိုကို "

အနည်းငယ်ပြင်းသည့်အနမ်းမိုးတို့ကျဲပြီး
ယုန်ဖြူလေးကို အိမ်သို့ပြန်ခေါ်လာခဲ့သည် ။
ဒီတစ်ကြိမ်တော့ lover seat လေးပေါ်
တက်မထိုင်ပဲ အနောက်ခန်းကိုပဲဝင်ထိုင်ကာ
လိုက်ပါလာခဲ့တာ ။ စိတ်ပူလွန်းလို့ ကားမှန်ကနေ ခဏခဏကြည့်မိနေပေမယ့် ယုန်ဖြူလေးက ကားထောင့်ကိုကပ်လို့နေသည် ။ ထိုစဉ် ပေါ်ထွက်လာသည့် ရှိုက်သံလေးကြောင့်
ကျွန်တော့်မှာကမ္ဘာပျက်တော့မည့်အလား ။
ထိုကြောင့် baby လေးကိုချက်ချင်းထိုးရပ်ကာ
ယုန်ဖြူလေးရှိရာအနောက်ခန်းဆီ တံခါးကိုဖွင့်လို့
ဆင်းကာသွားမိပြီး ရှေ့မှောက်ထိုင်ချလိုက်သည်။

မြင်ရသည်တို့က ရင်ကိုအစိမ်းခွဲသည့်အတိုင်း ။
အနမ်းပြင်းတို့ကြောင့် ခုထိဖူးကြွစိုစွတ်နေသည့်
နှုတ်ခမ်းပါးလေးကနီနီရဲရဲလေးတွေပင်စို့လို့ ။
ထိုနှုတ်ခမ်းပါးလေးကို ကိုကိုဖိကိုက်ထားကာ
ပါးနုနုလေးသာမက စတစ်အင်္ကျီအဖြူလေးပင်
မျက်ရည်တွေရွှဲလို့နေပြီ ။ ဘယ်ချိန်ကတည်းက
ငိုနေခဲ့တာလည်းကိုကိုရာ ရင်တွေနာတတ်လာပြီ။
ကျွန်တော့်ကိုမြင်တော့ လည်တိုင်လေးကို တခြားဘက်စောင်းငဲ့လို့သွားသည် ။

"ကိုကို "

"မခေါ်နဲ့ "

"ကိုကို "

"မင်းကိုမခေါ်နဲ့လို့ပြောနေတယ်လေ
မင်းမြတ်ထွဋ်ခေါင် "

"ကျွန်တော် တောင်းပန်ပါတယ် "

ကိုကိုက ကြွက်...ကျွန်တော်က ကြောင်Where stories live. Discover now