At Saturday night,
At 8:00 pm,ဖျက်ကနဲပျက်သွားသည့်မီးကြောင့် အားလုံးအမှောင်အတိ.... ။ ထို့အချိန်ခဏမှာ ခါးသွယ်သွယ်ကို သန်မာသည့်လက်တစ်ဖက်က ဆွဲဖက်လိုက်ခြင်းကိုခံလိုက်ရသည် ။ နီးကပ်သွားသည်နှင့်အတူ သူ့အင်္ကျီစကို ဆုပ်ကိုင်ထားမိသည် ။ ထိုနောက် ကျွန်တော့်နှုတ်ခမ်းပေါ်ကို နူးညံ့တဲ့ အထိအတွေ့တစ်ခု .....။ ခေါင် သူကျွန်တော့်ကိုနမ်းနေတာလား....❤
ကျစ်ကျစ်ပါအောင် သူ့အင်္ကျီကိုသာ ဆုပ်ကိုင်ထားမိတော့သည် ။"အယ် မီးကပျက်သွားပြီ
ခါတိုင်းမပျက်တတ်ပါဘူး
ဘယ်လိုဖြစ်တာပါလိမ့်
သားမင်းမြတ် သားအိမ့်ခ
မလှုပ်နဲ့နော် မှောင်မှောင်ကြီးနဲ့ ခိုင်းမိလိမ့်မယ်
ဒီတိုင်းသာငြိမ်ငြိမ်ရပ်နေကြ
ခြံထဲကမီးစက်နိုးမှပဲ "စကားသံတစ်ခုအဆုံးမှာ ဖျက်ကနဲ့မီးက
ပြန်လင်းလို့လာသည် ။ ခြံထဲကမီးစက်ကို နိုးလိုက်ပုံ။ တအိမ်လုံးလင်းထိန်သွားသည့်အချိန် စားပွဲဘေးနားမှာ ခုနကအတိုင်း အန်ကယ်အန်တီရပ်နေသည့်အတိုင်းပင် ။
အေးမြလည်း ထို့အတူခုနကအတိုင်း ။
ပုံမှန်မဟုတ်တာက ကျွန်တော်နှင့်သူ ။
မှောင်နေတုန်းကဖြစ်နေသည့် အနေအထားတိုင်း မဟုတ်ပေမယ့် သူ့လက်တွေခါးတစ်လျှောက်ကို နေရာယူထားတုန်း ကျွန်တော်သည်လည်း သူ့အင်္ကျီကိုတင်းကျပ်စွာဆုပ်ကိုင်မိနေတုန်းပင်။
အကြည့်တွေကလည်း တစ်ယောက်နှင့် တစ်ယောက်မြဲမြံလျက်သာ ။ ထိုသည်မက
ဘေးနားကလူတွေလည်း ကျွန်တော်တို့ကို ကြည့်နေကြမှာအသေအချာပင် ။"ကိုကို "
နူးညံ့စွာသူ့ခေါ်သံအဆုံး ကျွန်တော့်ဆီက တုန့်ပြန်မှုက တအု့အု့နှင့်ကျို့ပင်ထိုးလေပြီ။
"အု့ .....အု့..... အု့ .....အု့ "
"ဟဲ့ သား သားတို့ကဘယ်လိုဖြစ်နေကြတာ
သားအိမ့်ခ အဆင်ပြေလား "ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည့် လက်တို့လွှတ်ပေးလိုက်ပေမယ့် သူကတော့
ခါးကိုမလွှတ်ပေးသေး ။"သားမင်းမြတ် ဘယ်လိုတွေဖြစ်နေကြတာလဲလို့
သားအိမ့်ခက တစ်ကိုယ်လုံးသွေးတွေ ပေါက်ထွက်တော့မယ့် အတိုင်းဖြစ်နေပြီ "
YOU ARE READING
ကိုကိုက ကြွက်...ကျွန်တော်က ကြောင်
Romanceဒီတစ်ခါ ဖန်တီးချင်တာလေးကတော့ တွေ့တာနဲ့ သူချေကိုယ်ချေ သူကိုက်ကိုယ်ကိုက် အမြဲ fight နေတဲ့ Uke ကိုကိုနဲ့ seme ညီညီ လေးကိုအသက်သွင်းချင်ပါတယ်ဗျ အားပေးပါဦးနော်.... ❤ ဒါဒါလေးတွေကို အမြဲချစ်ခင်လေးစားလျက်... Jasmine ..... Unicode ဒီတစ်ခါ ဖန်တီးချင်တာလေးက...