6 🐀

37.1K 4K 287
                                    

ကားအနီလေးကိုရင်းနှီးပါတယ်လို့ တွေးနေတုန်း
အိမ်ထဲဝင်လာသူကြောင့် အံ့သြမှုတွေကို ထိန်းမရသည်က ထိုင်နေရင်းတောင် မတ်တပ်ထရပ်မိသည် ။ နှုတ်မှလည်း

"မင်းမြတ်ထွဋ်ခေါင် "

ထိုသူလည်း ကျွန်တော့်ကိုမြင်သည်နှင့်

"ကိုကို "

နှစ်ယောက်သားအံသြမှုတွေဖြင့် ကြည့်လျက်သာ
မည်သို့်မျှမလှုပ်ရှား ။ သို့သော် မင်းမြတ်ထွဋ်ခေါင် မျက်နှာကအံ့သြမှုကနေ ညစ်ကျယ်ကျယ်ဖြင့် ပြုံးလာသည်ပြီး အန်တီ့ကိုလှမ်းကြည့်ကာ

"Mommy ပြောတဲ့ ဧည့်သည်လာမယ်ဆိုတာ"

"အင်း ဟုတ်တယ်
သားအိမ့်ခပဲ ဒါနဲ့သားတို့ကသိတာလား "

"အိမ့်ခ ဟုတ်လား mommy "

"အင်း ဟုတ်တယ် ပိုင်အိမ့်ခတဲ့ "

"အာ...ဒါဆို ကိုကို့နာမည်က မပြောနဲ့ကိုကို မဟုတ်ပဲ ပိုင်အိမ့်ခပေါ့ ကျွန်တော်က မပြောနဲ့ကိုကိုလို့ ထင်နေတာ"

တွေ့လား ပြောတာကိုကရိုက်သတ်ချင်စရာ။
ညစ်ကျယ်ကျယ်အပြုံးကြီးကလည်းဖြီးလို့ ။
သူနဲ့မှတစ်အိမ်တည်းအတူတူဖြစ်ရတယ်လို့။
တွေးရင်း ငိုချင်လာသည်။ အနောက်ကို ပြန်လှည့်ပြီး မေမေရေအဆောင်မှာပဲ နေပါရစေလို့ပြန်ပြင်ချင်မိ ။

"သားက သိတယ်ပေါ့ သားအိမ့်ခကို "

"သိတာပေါ့ mommy ရဲ့
သားလိုက်နေတဲ့ ကောင်မလေးရဲ့အကိုလေ "

ပြောပြောဆိုဆိုနဲ့ sofa အလွှတ်တွေအများကြီး ရှိပေမယ့် ကျွန်တော့်ဘေးကပ်ရပ်က sofa မှာ ဝင်ထိုင်သည်။

"အော် အဲဒီလိုလား
ဒါဆိုရင် သားအိမ့်ခရေ
သား ညီမလေးကိုပြောလိုက်နော်
မင်းမြတ်ထွဋ်ခေါင်ဆို ဝေးဝေးကရှောင်လို့ "

"mommy နော် "

"ဟုတ်တယ်လေ သားအိမ့်ခ ကြားလား
သတိပေးထား "

"စိတ်ချပါ အန်တီရဲ့ ဒီကညီလေးက ပုရစ်ကိုလိုက်နေတာတစ်နှစ်ရှိပြီတဲ့
ခုထိ အဖြေမရသေးဘူးထင်တယ်
ဟုတ်တယ်မလား ညီလေး "

ဒီတစ်ခါကျွန်တော့်စကားကြောင့် ချက်ကောင်းထိသွားသည်ထင်ရ ။
ညစ်ကျယ်ကျယ်အပြုံးတို့ပျောက်ကာ
မျက်ခုံးထူထူနှစ်ခုထိစပ်သည်အထိ ကျုံ့သွားသည်။

ကိုကိုက ကြွက်...ကျွန်တော်က ကြောင်Hikayelerin yaşadığı yer. Şimdi keşfedin