3 🐭

39.6K 4.2K 297
                                    

Junction square ကအပြန်
နေ့လည် ၂ နာရီအချိန်ခန့်

ခြံဝင်းကနေဖြေးဖြေးချင်းဝင်လာရင်
စိမ်းစိုနေတဲ့ မြက်ခင်းပြင်အကျယ်ကြီးက လူကိုစိတ်အေးချမ်းစေသည် ။ ထို့အပြင်
ရောင်စုံခြယ်ပန်းကလေးတွေကလည်း ကြည်နူးမှုကိုဖြစ်ပေါ်စေပြန်သည်။ ခြံဝန်းအကျယ်ကြီးထဲက သူ့နေရာနှင့်သူ သပ်သပ်ရပ်ရပ်ရှိနေသည့် golf ကွင်း
Badminton ရိုက်ဖို့နေရာအပြင်
Volleyball ဆော့ဖို့နေရာပါရှိသေးသည်။
စိမ်းစိုနေတဲ့ဘောလုံးကွင်းကြီးရဲ့ ဘေးပတ်ပတ်လည်မှာလည်း ပန်းမျိုးစုံနဲ့ ဘန်ဂလိုအိမ်လှလှလေးတွေကအလှကို ပိုမိုပေါ်လွင်စေပြန်သည်။

ပန်းတွေစီရီထားသည့်လမ်းလေးအတိုင်း
ဝင်လာခဲ့သော် ကြီးကျယ်လှသည့် ရဲတိုက်ကြီးသဖွယ် သုံးထပ်တိုက်ကြီးကလည်း
ဆီးကြိုနေပြန်သည် ။ ထိုတိုက်ကြီးအတွင်း မှာတော့ gym အခန်း swimming pool အခန်း
တခြားအားကစားအစုံ စာအုပ်စင် wine စင်
အစရှိသဖြင့် သူ့နေရာနှင့်သူခမ်းခမ်းနားနား ရှိနေပြန်သည် ။ ထိုအိမ်ကြီးရဲ့ ရွှေပေါ်မြတင် မင်းသားလေးကတော့ cinema နဲ့မခြားတဲ့
အခန်းကြီးတစ်ခန်းမှာ သူကြိုက်နှစ်သက်သည့် ဇာတ်ကားများကြည့်နေရင်း

🎼 cause I got you in ma ma ma ma ma mind baby I want you to let get you in all night and I will never gonna
make you cry you know I am gonna be there by your side cause i got you
in ma ma ma ma ma mind... 🎼

ဘေးနားကချထားသည့် phone ringtone
သံကြောင့် ကောက်ကိုင်လိုက်သည် ။

"ဟဲလို သုခ ပြော "

"ဘာ ပြောလဲ
မင်းမနက်က မှာထားတာရပြီတဲ့
ဖုန်းဆက်နေတာ မကိုင်လို့တဲ့ "

"အာ.. ဟုတ်သား
အဲဖုန်းကအိပ်ခန်းထဲမှာ "

"အခုမင်းက ဘယ်ရောက်နေလို့လဲ "

"ဇာတ်ကားကြည့်နေတာ "

"ထင်တယ် ဒါကြောင့် ငါ့ဖုန်းနံပါတ်
ပေးခဲ့တာ "

"ကျေးဇူးအထူးပါ "

"မင်းဟာမင်းသွားယူနော်
ကျေးဇူးဆိုပြီး လာမခိုင်းနဲ့"

"မခိုင်းဘူး ကိုယ့်ဟာကိုယ်ပဲသွားမှာ
ပုရစ်ဆီကိုပါ တစ်ခါတည်းသွားမှာ "

"အဆောင်သိလို့လား "

"မင်းမြတ်ထွဋ်ခေါင်ပါ "

ကိုကိုက ကြွက်...ကျွန်တော်က ကြောင်Where stories live. Discover now