Next morning,
At 9 : 00 am,နောက်တစ်နေ့ပုဂံနံနက်ခင်းလေးမှာ ချစ်စဖွယ်အိမ်လေးရှေ့၌,
"သားတို့ အရမ်းကြီးမကြာကြနဲ့
၂ ရက်လောက်လည်ပြီးရင် ပြန်လာခဲ့ကြနော်""ဟုတ် daddy နဲ့ mommy "
"ဟုတ် အန်ကယ်နဲ့အန်တီ "
"အေးကွယ် သားတို့သိတဲ့အတိုင်း
ရန်ကုန်ကိုအရင်ပြန် ပြီးရင်
မန်းလေးဆင်းပြီး သားအိမ့်ခရဲ့မိဘတွေဆီ
အကျိုးအကြောင်းပြောရမယ် ""Mommy သားယုံမယ်နော်
Daddy ကိုရောပဲ
ကိုကို့ကိုရအောင်တောင်းပေးမယ်ဆိုတာ
သားအကြီးကြီးယုံတယ်""ဟုတ်ပါပြီ ဟုတ်ပါပြီ
ဒါဆိုသွားတော့မယ်
ကောင်းကောင်းလည်ခဲ့ကြ ""ဟုတ် daddy နဲ့ mommy "
"သားအိမ့်ခ မင်းမြတ်ကိုထိန်းဦးနော်
သူ့အကြောင်းသားသိပါတယ်""ဟုတ် စိတ်ချပါအန်ကယ် "
"အေးအေး သွားပြီ"
"အာ ခဏခဏ daddy "
"ဟုတ်ကဲ့ daddy သားလေး ဘာပြောစရာများကျန်သေးလို့လဲ "
"ဒီလိုလုပ်ပါလား daddy ကိုကို့မိဘတွေက
သဘောတူတယ်ဆိုမှလှမ်းပြောပါလား
အဲကျမှပြန်လာခဲ့မယ်လေ
အကယ်၍ သဘောမတူဘူးဆိုရင်
သားပြန်မလာတော့ဘူး နောက်ထပ်အဝေးကြီးကို
ကိုကို့ကိုခေါ်သွားမှာ ""အမလေး သား daddy ဦးထွဋ်ခေါင်ကို ယုံစမ်းပါသားရယ် သတင်းကောင်းနဲ့သာ
လှမ်းခေါ်လိုက်မယ်""ဒါမှ daddy ကွ
အာဘွား....မွမွ အရမ်းချစ်
လာ mommy ရောအရမ်းချစ်
အာဘွား....မွမွ "အန်ကယ်နဲ့အန်တီကြားထဲကနေပြီး
တစ်ဖက်တစ်လှည့်စီအနမ်းတွေခြွေနေတဲ့ ခေါင်
ကျွန်တော်သိပ်မြတ်နိုးရတဲ့ ကလေးလေး ။
အန်ကယ်တို့ကားလေးထွက်သွားသည်အထိ
တာတာ့တွေပြလို့မပြီးသေးတဲ့ ကြောင်လေးကို
လှမ်းခေါ်လိုက်သည်။"ခေါင် ..."
"ဗျာ ကိုကို "
တစိမ့်စိမ့်အချစ်တွေတိုးအောင် ပြုစားနေတယ် ။
ပြန်ထူးသံလေးကြောင့် ရင်တွေလှိုက်ဖိုကာ
နှလုံးသားလေးကမရိုးမရွဖြစ်လို့လာသည် ။
ကျွန်တော့်အနားနားတိုးလို့လာသူလေးက
ကျွန်တော့်ထက်ခေါင်းတစ်လုံးမက မြင့်နေတော့
သူ့ရင်ဘတ်ပေါ် လက်ကိုပိုက်ကာတင်လိုက်သည်။
ထိုနောက် ထိုပိုက်တင်ထားသည့်လက်တွေဆီ
ကျွန်တော့်မေးလေးကိုတင်ထားကာ ငုံ့မိုးကြည့်နေတဲ့သူ့မျက်ဝန်းနက်နက်တွေဆီ
တုံ့ပြန်ကြည့်နေပေးမိတော့ အလိုက်သင့်စွာ
ကျွန်တော့်ခါးတွေဆီလည်း သူ့လက်သွယ်သွယ်က
ပွေ့ပိုက်လို့ထားပြီ ။

BINABASA MO ANG
ကိုကိုက ကြွက်...ကျွန်တော်က ကြောင်
Romanceဒီတစ်ခါ ဖန်တီးချင်တာလေးကတော့ တွေ့တာနဲ့ သူချေကိုယ်ချေ သူကိုက်ကိုယ်ကိုက် အမြဲ fight နေတဲ့ Uke ကိုကိုနဲ့ seme ညီညီ လေးကိုအသက်သွင်းချင်ပါတယ်ဗျ အားပေးပါဦးနော်.... ❤ ဒါဒါလေးတွေကို အမြဲချစ်ခင်လေးစားလျက်... Jasmine ..... Unicode ဒီတစ်ခါ ဖန်တီးချင်တာလေးက...