In Bagan ,
At 3 : 00 pm,"နောက်တစ်ခါတော့ သတိထားပေါ့သား စိတ်လိုက်မာန်ပါမလုပ်နဲ့ "
"ဟုတ် တစ်ကြိမ်တော့ဘာမှမဖြစ်ဘူးမလား "
"အင်း ဒါနဲ့ သား daddy တို့ရောသိလား "
"မသိသေးဘူး ပြီးတော့
သားလည်းရန်ကုန်မှာမဟုတ်ဘူး ဦးငယ်
ဒါပေမယ့် အနှေးနဲ့အမြန်တော့သိလာမှာပဲ
ဦးငယ် ဘာမှသွားမပြောမမေးနဲ့ဦးနော် ""အင်းပါ ဒါပေမယ့် သား
အကောင်းအဆိုး အမှားအမှန်
သားဆုံးဖြတ်တတ်တယ်နော်
ခြေလွန်လက်လွန်မဖြစ်စေနဲ့
ဦးငယ် စိတ်ပူတယ် ""ဟုတ် ဦးငယ်
ဒါဆို ဒါပဲနော် သားဖုန်းချတော့မယ်
ကိုကို နိုးနေမှာစိုးလို့သွားကြည့်လိုက်ဦးမယ်""အေးအေး သားမင်းမြတ်လေး "
အကာအကွယ်မပါပဲကိုကို့ကိုပစ်မှားမိခဲ့သည့် အတွက် စိတ်နည်းနည်းပူနေမိသည် ။ လိင်တူ အချင်းချင်းလည်းအကာအကွယ်မပါရင်
အန္တရာယ်ရှိနိုင်သည်မို့ နေပြည်တော်မှာနေသည့်
Mommy ရဲ့မောင်လေး ဆရာဝန်တစ်ယောက်
ဖြစ်သည့်ဦးငယ်ကိုဖုန်းဆက်ကာ မေးနေရသည်။ ဖြစ်ပျက်ခဲ့သည့်အကြောင်းစုံနှင့် ကိုကိုနဲ့
ဆက်ဆံရေးကိုပါဖွင့်ပြောပြပြီး
ရင်ဖွင့်တာရောပါသည်ပေါ့ဗျာ ။ကျွန်တော်လည်းပထမဆုံး ကိုကို့အတွက်လည်း
ပထမဆုံးဖြစ်သည့်အတွက် တခြားအန္တရာယ်
တော့မစိုးရိမ်ရပါ ။ သို့ပေမယ့်လည်း လေ့လာထားချက်တွေအရ အကာအကွယ်ပါမှ
ပိုမိုစိတ်ချထားနိုင်သည် ။ အခုလည်း အခုလို
ဖြစ်လိမ့်မည်လို့မတွေးထားခဲ့ပါ ။ ကိုကို့ကို စိတ်တိုအသည်းယားပြီးစိတ်လွတ်သွားခဲ့ခြင်း
ကြောင့်သာ ပစ်မှားမိခဲ့သည် ။ဦးငယ်နဲ့ဖုန်းပြောပြီး ကိုကိုရှိရာအခန်းထဲကို
ပြန်ဝင်လာခဲ့တော့ ယုန်ဖြူလေးကအိပ်ယာထက်
အိပ်နေတုန်းပင် ။ ကုတင်ဘေးနားလေးတိုးကာ
ကပ်ထိုင်တော့ အငွေ့နွေးနွေးလေးတွေကို ခံစားမိသည် ။ ကိုကိုနှင့်ထိစပ်နေသည့် နေရာတိုင်း
ပူပူနွေနွေးလေးတွေဖြစ်နေသည် ။ သေချာတာက
ယုန်ဖြူလေးဖျားပြီလေ ။

YOU ARE READING
ကိုကိုက ကြွက်...ကျွန်တော်က ကြောင်
Romanceဒီတစ်ခါ ဖန်တီးချင်တာလေးကတော့ တွေ့တာနဲ့ သူချေကိုယ်ချေ သူကိုက်ကိုယ်ကိုက် အမြဲ fight နေတဲ့ Uke ကိုကိုနဲ့ seme ညီညီ လေးကိုအသက်သွင်းချင်ပါတယ်ဗျ အားပေးပါဦးနော်.... ❤ ဒါဒါလေးတွေကို အမြဲချစ်ခင်လေးစားလျက်... Jasmine ..... Unicode ဒီတစ်ခါ ဖန်တီးချင်တာလေးက...