4 🐀

38K 4K 143
                                    

Next morning,

အိမ်တစ်အိမ်စာလောက်ရှိသည့် ခမ်းနားလှသည့်
အိပ်ခန်းကြီးထဲတွင် အားကစားဝတ်စုံအနက်ကို ကျကျနနဝတ်ဆင်ပြီး nike ဖိနပ်ကြိုးကို ကုတင်ပေါ်ထိုင်ကာ စိတ်မရှည်စွာချည်နေသည်။
အိပ်ယာထကာစမလို့ ဖွာထောင်နေတဲ့ ဆံပင်တွေကဖို့ဖို့ဖောင်းဖောင်းနဲ့ပင် ။ သို့သော်
ကြည့်ကောင်းလွန်းနေမြဲ ။ ကကြီးသဏ္ဌာန် နှုတ်ခမ်းထူထူကတစ်ခုခုကို မကျေမချမ်း ဖြစ်နေသေးဟန် ။ 

ဖို့ဖောင်းနေတဲ့ဆံပင်ကို လက်သွယ်သွယ်က တစ်ချက်ဖိချပြီး မှန်ကိုကြည့်သည် ။ ထိုနောက်
အခန်းတံခါးကိုဖွင့်ကာထွက်လာခဲ့တော့သည်။
တံခါးဖွင့်ဖွင့်ချင်း မျက်နှာချင်းဆိုင်အခန်းက ထွက်လာသည့် daddy နဲ့တွေ့တော့

"အမယ် daddy သားက
စောစောထပြီး လေ့ကျင့်ခန်းတွေဘာတွေ လုပ်မလို့ပါလား "

"Daddy သား ဒီနေ့မှစောထတာမဟုတ်ဘူး "

"အံမာ ခါတိုင်း မင်းဘယ်ချိန်ထလို့လဲ
Daddy အလုပ်သွားတိုင်း ကာလနဂါးအတိုင်း အိပ်နေမြဲကို "

"Daddy ကိုကစောတာလေ
၈ နာရီ ၉ နာရီဆို သားပုံမှန်ထနေကြပဲ "

"Aww အေးအေး
Daddy ပဲစောလွန်းတာပါကွာ "

"သိလည်း ပြောနေသေးတယ် daddy က "

"ဟုတ်ကဲ့ပါ ဒါနဲ့ ဒီနေ့ရော
ဘာလို့ ၆ နာရီလောက်ထလာတာတုန်း "

"အိပ်မပျော်လို့ "

"သား အိပ်မပျော်တဲ့နေ့ ရှိသေးတယ်ပေါ့
ထူးဆန်းတယ် ငါ့သားလေး အိပ်မက်ဆိုးတွေများ မက်လို့လား daddy ကိုပြောစမ်း  "

"Daddy ရာ သားညစ်နေတာနော် "

စိတ်ထဲမတင်မကျဖြစ်နေပါတယ်ဆိုနေမှ
Daddy ကစနေသေးသည် ။

"ဘယ်သူလုပ်တာတုန်း သားလေးညစ်အောင် ဘယ်သူလုပ်တာတုန်း daddy ကိုပြော "

"ကိုကိုလေ ကိုကို "

"ဟေ"

စိတ်ပေါက်ပေါက်နဲ့ အော်ကာပြောခဲ့ပြီး
ထွက်လာခဲ့သည် ။ ကျွန်တော့်အပြောကြောင့်
Daddy အံ့သြနေမှာမှန်းသိပါသည် ။ သို့သော်လည်း * ကိုကို ဟုဘယ်လိုပင်ပြောထွက် သွားမှန်းလည်းမသိပါ ။ တွေ့ဖူးတာ နှစ်ကြိမ်တည်းပေမယ့် * ကိုကို ဟုသာ နှုတ်ကျိုးနေတာကြောင့် ...။ အခုလည်း အဲဒီ
ကိုကိုကြောင့်ပဲ စောစောစီးစီးနိုးနေတာလေ ။

ကိုကိုက ကြွက်...ကျွန်တော်က ကြောင်Donde viven las historias. Descúbrelo ahora