At 4:00 pm,
တစ်နေကုန် သင်တန်းကစာတွေမှတ်ရဖတ်ရ
တာကမမော ။ အဲဒီ မင်းမြတ်ထွဋ်ခေါင်နဲ့ စကားပြောရန်ဖြစ်ရတာပိုမော၏ ။ အခုလည်း အိမ်ပေါ်ပြေးတက်ခဲ့ပြီး အခန်းထဲရောက်သည်နှင့်
အိစက်စက်မွေ့ယာကြီးအပေါ်ကို ဝုန်းကနဲ့ ခုန်တက်ကာ မျက်လုံးအစုံတို့ခေတ္တမှိတ်ကာ နေလိုက်သည်။🎼Lily was a little girl
Afraid of the big wild world
She grew up within her castle walls
Now and then she try to run
And then on the night with the
Setting sun she went in the woods away so afraid, all alone... 🎼🎼ခုထိမချွတ်ရသေးတဲ့ ကျောပိုးအိတ်ထဲက ဖုန်းမြည်သံကြောင့် အိပ်ယာပေါ်ပြန်ထထိုင်ကာ
ဖုန်းကိုင်လိုက်သည် ။ ခေါ်သည့်သူက မေမေ ။"ဟဲလို မေမေ "
"သားလေး သင်တန်းပြန်ရောက်ပြီလား "
"ဟုတ် ခုပဲ ပြန်ရောက်တာ မေမေ "
"ဟုတ်လား ရာသီဥတု ပူပူနဲ့မောနေရောပေါ့ "
"နည်းနည်းပါမေမေရဲ့ "
"ရေတွေချက်ချင်း မချိုးနဲ့နော်
အပူတွေရှပ်ပြီး ဖျားမယ်""အင်းပါ မေမေရဲ့
သားသိပါတယ် စိတ်မပူနဲ့နော် ""ဟုတ်ကဲ့ပါ ဒါနဲ့ သားကို မြတ်သူရဲ့သားလေး ကြိုပို့လုပ်ပေးတာလား "
"မေမေက ဘယ်လိုလုပ်သိတာလဲ
သူလိုက်ပို့မှန်း ""သိတာမဟုတ်ပါဘူး သားရဲ့
ဟိုနေ့က မြတ်သူနဲ့ဖုန်းပြောတော့
သား သင်တန်းအကြိုအပို့အတွက် စိတ်မပူနဲ့တဲ့
အိမ်ကသားရှိတယ် သူ့ကိုပို့ခိုင်းမယ်လို့
ပြောလို့ပါ အဲတာ သားလေးဒီနေ့သွားတော့
မြတ်သူသားလေးလိုက်ပို့တာလားလို့ ""ဟုတ်တယ် သူလိုက်ပို့တာ "
"အေးအေး အဲကလေးအခုဘယ်အရွယ်တောင်
ရောက်ပြီလဲ သားငါးနှစ်သားတုန်းက
မြတ်သူသားလေးက မွေးခါစရှိသေးတာ ""အင်း အခု ဒုတိယနှစ်တက်နေပြီ "
"ဟုတ်လား အချိန်တွေကမြန်လိုက်တာ
အဲကလေးလေးတောင် ဒုတိယနှစ်ရောက်နေပြီ ""ဟုတ်တယ် "
"မေမေ ရန်ကုန်လာမှ တွေ့ရတော့မှာ
အခုကြားထဲက မတွေ့ဖြစ်တာကြာပြီ
နာမည်ကရော ဘယ်လိုခေါ်တာတဲ့တုန်း "

YOU ARE READING
ကိုကိုက ကြွက်...ကျွန်တော်က ကြောင်
Romanceဒီတစ်ခါ ဖန်တီးချင်တာလေးကတော့ တွေ့တာနဲ့ သူချေကိုယ်ချေ သူကိုက်ကိုယ်ကိုက် အမြဲ fight နေတဲ့ Uke ကိုကိုနဲ့ seme ညီညီ လေးကိုအသက်သွင်းချင်ပါတယ်ဗျ အားပေးပါဦးနော်.... ❤ ဒါဒါလေးတွေကို အမြဲချစ်ခင်လေးစားလျက်... Jasmine ..... Unicode ဒီတစ်ခါ ဖန်တီးချင်တာလေးက...