13 🐭

34K 3.9K 177
                                    

At 7:30 am, morning,

ဒီနေ့က သောကြာနေ့ ။ ကျွန်တော်နားသည့်နေ့ ။
တနင်္လာကနေ ကြာသပတေးနေ့ထိဆက်တိုက် သင်တန်းတက်ပြီး သောကြာ စနေ တနင်္ဂနွေနေ့
သုံးရက်နားရခြင်းဖြစ်သည် ။

အခုသောကြာမနက်မှာလည်း စောစောနိုးနေသည် ကြောင့် အိပ်ယာမထခင်မှာ ဟိုတွေးဒီတွေးဖြင့် တွေးနေမိသည် ။ ဒီအိမ်ကြီးမှာနေခဲ့တဲ့ တစ်ပတ် အချိန်ကာလအတွင်းကြောင့် နေသားကျနေပါပြီ။
အန်ကယ်အန်တီတို့နဲ့လည်း မိသားစုတွေနဲ့မခြား
ခင်မင်ရင်းနှီးလို့နေပါပြီ ။ သူကလွဲလို့ပေါ့ ..။ သူကလွဲပြီးကျန်တာအကုန်အဆင်ကိုပြေလို့ ။
ပြောသာပြောသာပါ သူနဲ့တစ်ချိန်လုံးရန်ဖြစ်နေရ လွန်း၍လားမသိပါ ။ သူနဲ့ရန်မဖြစ်ရရင်လည်း မနေတတ်တော့တဲ့ခံစားချက်လည်းရှိလို့နေသေး ။

သို့ပေမယ့်လည်း ဒီနေ့သောကြာနေ့က ကျွန်တော်ပဲနားတာ သူကကျောင်းမပိတ်ဘူးလေ။
အတော်ပါပဲ စိတ်အေးလက်အေးနဲ့နေနိုင်သလို လုပ်စရာရှိတာ သွားစရာရှိတာလေး အေးအေးဆေးဆေးဖြစ်သွားတာပေါ့ ။
သွားစရာရှိတာဆိုမှ သတိရမိပါသည်။
ညီမလေး ပုရစ်ဖူး...သူမကိုလုံးဝမေ့လို့နေခဲ့တာ။
မန်းလေးကနေရန်ကုန်ရောက်တာ တစ်ပတ်ရှိ တော့မယ် ပုရစ်ဖူးကိုလုံးဝသတိမရခဲ့တာ ။
ထိုကြောင့် သတိရရခြင်းလှဲအိပ်နေရာမှထထိုင်ကာ
ပုရစ်ဖူးဆီကိုဖုန်းဆက်လိုက်သည်။

လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ စက်ပိတ်ထားပါသည်ရှင့်........

ဖုန်းခေါ်ကြည့်တော့လည်း စက်ပိတ်ထားတာကြောင့်

* စိတ်များဆိုးသွားတာလား ရန်ကုန်ရောက်နေတာကိုမပြောလို့များ
ဒါမှမဟုတ် မင်းမြတ်ထွဋ်ခေါင်နဲ့ကျောင်းတူတော့
ငါဒီမှာရှိတာများ ပုရစ်ကိုသွားပြောလို့များ
စိတ်ဆိုးနေတာလား *

အမျိုးမျိုးတွေးကာ နောက်ဆုံး ဆုံးဖြတ်လိုက်သည်က ဒီနေ့နားရက်ကို ပုရစ်ဆီသွားရမည် ။ ထိုကြောင့် စောင်ခေါင်းအုံး
အိပ်ယာခင်းတို့ကိုသပ်သပ်ရပ်ရပ်ခေါက်ကာ
ရေမိုးချိုးဖို့သာ ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်။
ကိစ္စအဝဝပြီးစီးတော့မှ အဝတ်အစားလဲဖို့
စတစ်အဖြူလေးကိုထုတ်ပြီးကာမှ စဉ်းစားမိသည်က

ကိုကိုက ကြွက်...ကျွန်တော်က ကြောင်Where stories live. Discover now