7 🐭

36.8K 4.1K 233
                                    

Next morning,

မည်မျှပင်သက်တောင့်သက်သာရှိလှသည့်
အိပ်ယာကြီးဖြစ်နေပါစေအိပ်ယာပြောင်းသည့် အတွက်ကြောင့်ရော ဒီမှာနေတဲ့နှစ်လအတွင်း မင်းမြတ်ထွဋ်ခေါင်နဲ့ ဘယ်လိုမျက်နှာချင်းဆိုင် ဘယ်လိုတွေနေ့တိုင်းတွေ့ရမယ်ဆိုတဲ့ အတွေးတွေ ကြောင့်ရော ကောင်းကောင်းအိပ်မပျော် ။ လင်းခါနီးပိုင်းမှ အိပ်ပျော်သွားသည်ကြောင့်
မနက်တော်တော်လေးလင်းမှ ပြန်နိုးလာခဲ့သည်။

နိုးနိုးချင်းနာရီကိုယူကာကြည့်တော့ ၇ နာရီပင် ခွဲတော့မည် ။ ထိုကြောင့် အိပ်ယာထကာ နည်းနည်းပူစပ်စပ်ဖြစ်နေတာရောကြောင့် ရေပါတစ်ခါတည်း ချိုးလိုက်သည်။ ပြီးသည်နှင့် ၉ နာရီသွားရမယ့်သင်တန်းအတွက်ရော အဝတ်အစားကို တစ်ခါတည်းလဲကာ သပ်သပ်ရပ်ရပ်ပြင်ဆင်လို့ နေသည်။

မေမေမီးကြွေထိုးကာ ထည့်ပေးထားသည့် ကချင်ပုဆိုးအကွက်အစိပ် အနက်ရောင်လေးကို
ခရမ်းပုပ်ရောင်စတစ်လက်တိုလေးဖြင့် လိုက်ဖက်ညီစွာကျကျနနလေးဝတ်သည် ။
ထိုနောက် အနံ့သိပ်မပြင်းတဲ့ရေမွှေးကို ဆွတ်ပျံ့စေကာ မတိုမရှည်ဆံပင်လေးကိုလည်း သပ်သပ်ရပ်ရပ် ဖြစ်အောင်ဖြီးချသည်။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုမှ အခန်းအပြင်သို့်
ထွက်လာခဲ့သည်။

မျက်နှာချင်းဆိုင်အခန်းမှ တံခါးဖွင့်လာမလားလို့
ရင်တမမနဲ့ဖွင့်ခဲ့ရသေး ။ မဖွင့်လာမှ အောက်ထပ်သို့ မြန်မြန်အပြေးဆင်းခဲ့သည်။

"ဟူး... လှေကားပြေးဆင်းရတဲ့ ဒုက္ခ "

လှေကားအောက်ထပ်ကိုရောက်မှ အသံကို ထွက်နိုင်ပြီး အသက်ကိုပြင်းပြင်းရှူနေရသည်။

"သား အိမ့်ခ အလောတကြီး
သင်တန်းနောက်ကျလို့လားကွယ် "

အလောတကြီးကျွန်တော့်ကိုမြင်တော့ မီးဖိုချောင်ထဲက အန်တီကလှမ်းမေးလာသည်။

"အာ အန်တီ မဟုတ်ပါဘူး ကျွန်တော်နောက်မကျပါဘူး
ကောင်းသောမနက်ခင်းပါ အန်တီ"

"အေးအေး လာတော့ သားအိမ့်ခ
မနက်စာ အဆင်သင့်ဖြစ်နေပြီ
ဗိုက်ဆာနေပြီလား "

"ဟုတ် ကျေးဇူးပါအန်တီ "

အားနာနာနှင့် ငြင်းရင်လည်းပိုအားနာစရာ ကောင်းမည်ဖြစ်တာကြောင့် မနက်စာပြင်ထားသည့် စားပွဲဆီကိုသာ
ဝင်ထိုင်လိုက်သည် ။

ကိုကိုက ကြွက်...ကျွန်တော်က ကြောင်Where stories live. Discover now