Warning 🚨 ထပ်ပါသည်ကြောင့်
အသက်မပြည့်တဲ့ကလေးလေးများ
(+) မနှစ်သက်သည့်ကလေးများခဗျ
သာသာ့အရေးအသားတွေကရိုင်းသွားရင်
Sorry ပါနော်-
-
-
-
-ညနေ ၅ နာရီကတည်းကစတင်ခဲ့သည့်
ကြည်နူးဖွယ်ရာမင်္ဂလာပွဲလေးသည်
တဖြေးဖြေးပြီးဆုံးချိန်သို့ ရောက်ရှိလို့ လာတော့မည် ။ တက်ရောက်သူအသီးသီးလည်း
တဖြည်းဖြည်းလျော့ပါးလို့လာလေပြီ ။"ပိုင်လေး "
တက်ရောက်သူအချို့ကို လိုက်လံနှုတ်ဆက်
စကားပြောနေရင်းအနောက်ဖျားက ခေါ်သံကြောင့်
လှည့်မကြည့်လည်း ဘယ်သူခေါ်မှန်းသိပါသည်။
ပိုင်လေးဟုခေါ်တာ လရောင်မှလွဲ၍မရှိသည်မို့ ။"အင်း လရောင်
ပြန်တော့မှာလား ""အင်း ပြန်တော့မယ်ပိုင်လေး
မိုးချုပ်နေပြီလေ ""ငါမေးချင်တာက မနက်ဖြန်တစ်ခါတည်း
မန်းလေးပြန်တော့မှာလား ""အင်း ပြန်တော့မှာ
အရေးကြီးအလုပ်ကိစ္စတွေရှိသေးလို့ ""အင်းပါ မအားတဲ့ကြားထဲကနေလာပေးတာ
ကျေနပ်တယ်သိလား ""အင်းပါဗျာ "
ခြေတစ်လှမ်းတိုးလို့လာပြီး ကျွန်တော့်ခေါင်းကို
သူအသာဖွပေးပြီးမှစကားဆက်သည်။"အခုလိုလေးပြုံးနေတာပဲ မြင်ချင်တာနော် မင်းမြတ်ထွဋ်ခေါင်လက်ထဲ ကြည်ဖြူစွာထည့်ပေးလိုက်တာက
မင်းပြုံးနေတာတွေပဲမြင်ချင်လို့ပါ ပိုင်လေး ""အင်းပါ စိတ်ချပါဆို "
"ဟုတ်ပါပြီဗျာ
အမြန်ကြီးပြန်သွားလို့လည်းစိတ်မဆိုးပါနဲ့ ""အင်း မဆိုးပါဘူး
ဘာလို့ဆိုးရမှာလည်း
ငါနားလည်ပါတယ်ဆို ""Ok ဗျာ ဒါဆိုငါပြန်မယ်နော် ပိုင်လေး
သတိတော့ရပေးပါ အဆင်မပြေတာများရှိလို့ သူငယ်ချင်းလို့ခေါ်လိုက်တိုင်း
ငါအပြေးရောက်လာမှာဆိုတာ "ခေါင်းလေးထိုးဖွပေးနေတာကို ငြိမ်ခံနေရင်း ကြားက အမြတ်နိုးရဆုံးအပြုံးလေးတွေ ဆင်မြန်းကာ ခေါင်းလေးကိုထပ်ခါခါငြိမ့်ပြ လာသည် ။သြော် အသည်းယားပါတယ်ဆိုမှ ပိုင်လေးရယ် အမူအယာလေးတွေကိုကစ ငါမြတ်နိုးရတာ ။ ရင်ထဲအမြဲသိမ်းထားမှာ ။

ŞİMDİ OKUDUĞUN
ကိုကိုက ကြွက်...ကျွန်တော်က ကြောင်
Romantizmဒီတစ်ခါ ဖန်တီးချင်တာလေးကတော့ တွေ့တာနဲ့ သူချေကိုယ်ချေ သူကိုက်ကိုယ်ကိုက် အမြဲ fight နေတဲ့ Uke ကိုကိုနဲ့ seme ညီညီ လေးကိုအသက်သွင်းချင်ပါတယ်ဗျ အားပေးပါဦးနော်.... ❤ ဒါဒါလေးတွေကို အမြဲချစ်ခင်လေးစားလျက်... Jasmine ..... Unicode ဒီတစ်ခါ ဖန်တီးချင်တာလေးက...