သားလေးရဲ့စကားသံလေးတွေကြောင့်
ချစ်ရတဲ့ယုန်ဖြူလေးရဲ့ လှုပ်ရှားမှုအစုံသည်
ခေတ္တရပ်သွားလေသည် ။ သို့သော် ကိုကိုလှည့်မကြည့်လာ ။ ခုထိကျွန်တော့်ကို
စိတ်ဆိုးမပြယ်သေးသည့်ကိုကို ။ အကြောင်းက
မနေ့က ကိုကိုနဲ့သားပိုင်ငယ်လေးကိုကစားကွင်း ကနေသွားကြိုဖို့မသွားသည့်အပြင်လုံးဝကို မေ့လျော့သွားခဲ့သည် ။ ဒီလိုဖြစ်ရသည်မှာလည်း တခြားအကြောင်းကြောင့်မဟုတ် ။ သားပိုင်ငယ်လေးနဲ့အတူ အလိုလိုက်ခံဘဝကို
စံမြန်းနေရတဲ့ကျွန်တော့်ကို လားလားမျှ မနာလိုသော သုခနှင့်ခန့်ညီကြောင့်ပင် ။
အိပ်ဆေးခတ်ကာ တိုက်ထည့်လိုက်သည့် အအေးကြောင့်အိပ်ပျော်သွားမိတာ ကာလနဂါးအတိုင်း ။" ကိုကို ကျွန်တော်ပြန်လာပြီနော် "
အနောက်ကနေပြောနေသော်လည်း ကိုကို့အာရုံသည်ပိုင်ငယ်လေးဆီမှာသာရှိပြီး
ရေချိုးမပျက်ပေ ။ မနေနိုင်မထိုင်နိုင် ကျွန်တော့်မှာ
လျစ်လျူရှုခံထားရသည့်ခံစားချက်ကရူးမတတ်။
ထိုကြောင့် ဒူးလေးကွေးကာကျောပေး ထိုင်နေသည့် ကိုကို့ကိုအနောက်ကနေထွေးပိုက် ထားလိုက်သည် ။ ယုန်ဖြူသေးသေးလေး ရင်ခွင်ကြီးထဲစုန်းစုန်းမြှုပ်ပြီဆိုကာမှ ကိုကို့ပုခုံးလေးပေါ်မေးကိုတင်လျက်" ကိုကိုကဗျာ "
" ဖယ် လွှတ်.... မင်းမြတ်ထွဋ်ခေါင်
သားကိုရေချိုးပေးနေတာမမြင်ဘူးလား "ကိုကို့ရဲ့စိတ်ဆိုးသံလေးတွေကို မကြားချင်ယောင်ပြုလို့ ပိုတိုးကာဖက်ထားလိုက်သည် ။
" ဟင့်အင်း မလွှတ်ပေးဘူး "
" ခေါင် လာမဆိုးနဲ့ "
" ကိုကို.... "
" ပြော.... "
" ကျွန်တော်တောင်းပန်ပါတယ်
နောက်တစ်ခါမဖြစ်စေရဘူးနော်
အခုလိုကျွန်တော်ဆူခံရလေအောင်
သုခနဲ့ခန့်ညီလုပ်တာပါ ကိုကိုမယုံရင်
အဲဒီနှစ်ကောင်ကိုဖုန်းဆက်မေးကြည့်
တကယ်ပါနော် ကိုကိုနော် "" သိပြီ သိပြီမလို့ လွှတ်ပေးတော့ခေါင်
ူသားအအေးပတ်တော့မယ် "" မရဘူး စကားပြောဆိုသံတွေက
မဟုတ်သေးဘူး ကိုကို
ဒီထက်လေသံပျော့ပေး
ခေါင် သားလေးကိုရေချိုးပေးနေလို့
ကိုကို့ကိုလွှတ်နော် အဲလိုလေး "

YOU ARE READING
ကိုကိုက ကြွက်...ကျွန်တော်က ကြောင်
Romanceဒီတစ်ခါ ဖန်တီးချင်တာလေးကတော့ တွေ့တာနဲ့ သူချေကိုယ်ချေ သူကိုက်ကိုယ်ကိုက် အမြဲ fight နေတဲ့ Uke ကိုကိုနဲ့ seme ညီညီ လေးကိုအသက်သွင်းချင်ပါတယ်ဗျ အားပေးပါဦးနော်.... ❤ ဒါဒါလေးတွေကို အမြဲချစ်ခင်လေးစားလျက်... Jasmine ..... Unicode ဒီတစ်ခါ ဖန်တီးချင်တာလေးက...