ငါးနှစ်တာကာလကြာပြီးနောက် ။
အောက်တိုဘာလ ။At Jade Car showroom & accessories ,
ဆံကေသာကိုသပ်ရပ်စွာ နောက်ဘက်ဆီ
သပ်တင်ထားသော ဆွဲဆောင်မှုရှိလွန်းသည့်
လူငယ်တစ်ဦး ။ ဝတ်ထားသည့် all black
style ကလည်ပြန်ငေးချင်ဖွယ် ။ ဘောင်းဘီ
အိတ်ထောင်ထဲကိုလက်နှစ်ဖက်ထည့်ကာ
စမတ်ကျစွာရပ်နေလျက် ဈေးဝယ်သူ အချို့ချို့အားဦးဆောင်ကာနေသည် ။" ဈေးက ၄၀၀ ပဲလား "
" ဟုတ်တယ် အစ်မ "
" တခြားအရောင်ရော
Black နဲ့ ဘာအရောင်ရှိသေးလည်း "" အမည်းအပြင် အဖြူ ရှိတယ် "
" အဖြူလေးတစ်ချက်လောက် ပြကြည့်ပါလား "
" အဖြူယူမှာလား "
" မသိသေးဘူး ကြည့်ကြည့်ဦးမယ်
အဖြူလေးတစ်ချက်လောက် "" ဒီကားအတိုင်းပဲလေ အစ်မ
အမည်းနဲ့အဖြူပဲကွာသွားတာ
Decoration function
Service အကုန်အတူတူပဲ "" ပြကြည့် အဖြူကို "
" အဲဆို အဖြူယူမှာလား "
" ကြည့်ကြည့်ဦးမယ်လို့ပြောနေတယ်လေ "
" အကုန်အတူတူပဲလို့ပြောနေတယ်လေ
အရောင်ပဲကွဲတာပါလို့လည်း ပြောနေတယ်လေ "ထိုလူငယ်အလိုမကျစွာမျက်တောင်နှစ်ခု
ထိလုမတတ်ကျုံ့ကာလာပြီး စိတ်မရှည်မှုက
တခမ်းတနားပြလာသည် ။ ဝယ်သူရောင်းသူ
လိုက်ဖက်နေလို့ ။" ဒီမှာ ဘယ်လိုရောင်းနေတာလဲ
မင်းကပိုင်ရှင်လား ဟုတ်လား "" ဟုတ်တယ် ပိုင်ရှင်ဟုတ်တယ်
အခုအမည်းရောင်ကိုယူမှာလား မယူဘူးလား "" ကျွန်မအဖြူရောင်ကိုကြည့်ချင်သေးတယ်
ပြီးမှဆုံးဖြတ်မယ် "" ဒီကားအတိုင်းအတူတူပဲလို့
ပြောတယ်မလား
အစ်မမျက်လုံးထဲမှာမြင်ကြည့်ကြည့်လေ
အဖြူကပိုလှလားအမည်းကပိုလှလားလို့ "" ဟာ...... ဘယ်လိုပိုင်ရှင်လဲ
ထုတ်ပြတော့ဘာလို့လဲ ဘာဖြစ်မှာလို့လဲ "နှစ်ဦးနှစ်ဖက်ပြင်းထန်လာသည် ။ ဘေးနားက
ဝယ်သူတွေရဲ့အာရုံအလုံးစုံလဲထိုလူငယ်တို့နားမှာ
ကပ်လို့နေပြီ ။

YOU ARE READING
ကိုကိုက ကြွက်...ကျွန်တော်က ကြောင်
Romanceဒီတစ်ခါ ဖန်တီးချင်တာလေးကတော့ တွေ့တာနဲ့ သူချေကိုယ်ချေ သူကိုက်ကိုယ်ကိုက် အမြဲ fight နေတဲ့ Uke ကိုကိုနဲ့ seme ညီညီ လေးကိုအသက်သွင်းချင်ပါတယ်ဗျ အားပေးပါဦးနော်.... ❤ ဒါဒါလေးတွေကို အမြဲချစ်ခင်လေးစားလျက်... Jasmine ..... Unicode ဒီတစ်ခါ ဖန်တီးချင်တာလေးက...