5 🐭

37.5K 4K 180
                                    

Four days Later,
Sunday morning,

ရန်ကုန်တက်မည်ဖြစ်တာကြောင့် သားလေးလိုအပ်မည့်ပစ္စည်းတွေကို
သေချာထုတ်ပို့ထည့်ပေးနေတုန်း ခြံရှေ့ကကားဟွန်းသံက အဆက်မပြက် တီးလာသည်။

တီ တီ တီ တီ တီ တီ

"ဦးလှရေ ခြံတံခါးဖွင့်ပေးလိုက်ပါဦး ကားလာပြီထင်တယ်
သားပစ္စည်းတွေတင်ရဦးမှာမလို့ "

"ဟုတ် ဟုတ် သူဌေးကတော် "

ဟွန်းတီးနေသည့်ကားကို အထဲဝင်လို့ရအောင်
ဦးလှကိုခြံတံခါးဖွင့်ခိုင်းလိုက်ပြီး  အပေါ်ထပ်က သားလေးကို လှမ်းခေါ်လိုက်သည်။

"သားရေ သား အိမ့်ခရေ "

"ဟုတ် လာပြီ မေမေ "

ပြန်ဖြေသံလေးနဲ့အတူ လှေကားပေါ်ကနေ
ဆင်းလာပြီဖြစ်တဲ့ သားလေး ။ မီးခိုးရောင်စတစ် လက်တိုလေးနဲ့ နက်ပြာရောင်ပုဆိုးအကွက်လေး ကိုဝတ်ကာ ကတ္တီပါနက်ပြာရောင်လေးကို စီးထားသည် ။ ကျောထက်မှာကျောပိုးအိတ် လေးလွယ်ကာ မတိုမရှည်ဆံပင်လေးတွေက
ခပ်အုပ်အုပ်လေးမရှိတရှိ ။ ဘယ်လိုပဲကြည့်ကြည့်
မိန်းကလေးတွေထက်ပင် နုထွတ်နေသော သားလေးကို ရန်ကုန်မြို့ကြီးထဲတကယ်ပင် စိတ်မချပါ ။

"ကားလာပြီပေါ့ မေမေ
သား လိုတာလေးတွေထည့်နေလို့ကြာသွားတာ"

"ပြီးပြီလား သားလေး
ပစ္စည်းတွေမေ့မယ်နော် "

"ဟုတ် အကုန်အဆင်သင့်ဖြစ်ပြီ  "

"အင်းပါ ဒါဆို သွားတော့လေ သား
မေမေ့ကို ဖုန်းဆက်နော်
လမ်းမှာလည်း ခဏခဏဖုန်းဆက်နော်
မေမေက စိတ်ပူတယ်
သားဖေဖေကလည်း အခုရက်ပိုင်းမှ
Overseas သွားရတယ်လို့
ရန်ကုန်ထိ လိုက်ပို့ချင်တာကို "

"မေမေရယ် သားကလေးမဟုတ်တော့ပါဘူးဆို "

"ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ မေမေ့မျက်လုံးထဲမှာတော့
သားက ကလေးလေးပဲ "

တကယ်စိုးရိမ်နေသည့်မေမေ့ကို ပွေ့ဖက်ထားပေးပြီး

"ဟုတ်ကဲ့ပါ သား ဖုန်းခဏခဏဆက်မှာပါ
လမ်းတစ်လမ်းလုံးလည်း ဆက်နေမှာ
ရန်ကုန်ရောက်လည်းဆက်မယ် ဟုတ်ပြီလား
၂ လတည်းကို ဒီကြားထဲ စနေ တနင်္ဂနွေ
သားပြန်ပြန်လာမယ်လေ နော် "

ကိုကိုက ကြွက်...ကျွန်တော်က ကြောင်Where stories live. Discover now