ဤနေ့လေးဟာ လူသားလေးနှစ်ဦးရဲ့ နှလုံးသားလေးမှာ မှတ်ကျောက်တင် ကဗ္ဗည်းရေးထိုးရမဲ့နေ့လေး ။ ကြောင်လေးက ကြွက်လေးရဲ့ပါရမီဖြည့်ဖက်လေးဖြစ်ကြောင်းကို
အတိအလင်းကြေငြာမည့်နေ့ရက်လေး။နောင်နှစ်တွေနောက်လတွေမပြောပါနဲ့
နောက်အပတ်တွေအထိတောင် မစောင့်နိုင်တဲ့
အနှီကြောင်ဆိုးလေးကြောင့် သတ်မှတ်သည့်
စေ့စပ်လက်မှတ်ရေးထိုးပွဲလေးရယ် မင်္ဂလာပွဲလေးရယ်ကို ဒီနေ့ဖြစ်တဲ့ သောကြာနေ့လေးမှာ ကျင်းပပြုလုပ်ဖို့
နှစ်ဖက်မိဘတို့သဘောတူညီခဲ့ကြလေပြီ ။-Thursday Morning,
At 7 : 00 am,ရင်ခုန်ခြင်း ကြည်နူးခြင်း စိတ်လှုပ်ရှားခြင်း
စသည့်ခံစားချက်မျိုးစုံအဖုံဖုံက တစ်ညလုံးတိုင်
မျက်လုံးအစုံကိုမှိတ်ခွင့်မပေးသည်က ယခု
နေရောင်ခြည်တွေအခန်းတွင်းဝင်ရောက် ဖြာထွက်နေသည်အထိပင် ။တစ်ညလုံးအဆမတန် ဆက်တိုက်ခုန်လာသည့် နှလုံးသားလေးကိုလက်ဖြင့်ထိန်းကာဖိကပ်ရင်း
ပြင်ဆင်စရာရှိတာပြင်ဆင်ရတော့မည် ။ ရေမိုးချိုးဖို့လုပ်နေခဲ့ပေမယ့် ညနေမင်္ဂလာပွဲ
လေးနီးမှသာချိုးတော့ဖို့ ဆုံးဖြတ်လိုက်ပြီး ကိုယ်လက်သန့်စင်ဖို့သာ ရေချိုးခန်းဆီကို
ဝင်ခဲ့လိုက်သည် ။ သွက်လက်စွာသန့်စင်ပြီးသော်
မိမိယနေ့မနက်ဝတ်ဆင်ရမည့် ဝတ်စုံလေးကို
ဗီဒိုလေးထဲမှထုတ်ကာ ကုတင်လေးထက်
တင်သည် ။လည်ကတုံးစတစ်လက်ရှည်အဖြူလေးကို
ယောပုဆိုးအနက်ကလေးဖြင့် သေသပ်စွာ
ရှိနေသည့်ထိုအရာလေးနှစ်ခုကိုကြည့်နေရင်း
လှိုက်ကာဖိုလာသည့်ရင်အစုံကထိန်းရခက်သည်။
ခေါင် ကျွန်တော့်အမျိုးသားလေးလည်း
ဤသို့ဆင်တူဝတ်စုံလေးကိုဝတ်မှာကြောင့် ။ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံနှင့်အတူ ဝင်လာသည်ကသူ ။"ကိုကိုရေ ကိုကို
ကျွန်တော့်ကိုကြည့်ပါဦး "ပြောသားပဲ ဒီလိုလေးပဲဝတ်မှာပါလို့ ။
ကျွန်တော်တောင်နောက်ကျလို့နေပြီလေ ။
ခန္ဓာကိုယ်အချိုးအစား အရပ်အမောင်းကြီးနဲ့
လိုက်ဖက်လွန်းစွာသူဝတ်လို့လာပြီ ။ ဒီလိုလေး
ဝတ်လေ့မရှိတဲ့ ကျွန်တော့်ကလေးလေးက
ဒီလိုလေးဝတ်လို့လာရင် သူမတူအောင်ကို
မိမိုက်လွန်းနေတာက အသက်ရှူမှားမတက် ငေးမောကာကြည့်နေမိသည်အထိ ။

YOU ARE READING
ကိုကိုက ကြွက်...ကျွန်တော်က ကြောင်
Romanceဒီတစ်ခါ ဖန်တီးချင်တာလေးကတော့ တွေ့တာနဲ့ သူချေကိုယ်ချေ သူကိုက်ကိုယ်ကိုက် အမြဲ fight နေတဲ့ Uke ကိုကိုနဲ့ seme ညီညီ လေးကိုအသက်သွင်းချင်ပါတယ်ဗျ အားပေးပါဦးနော်.... ❤ ဒါဒါလေးတွေကို အမြဲချစ်ခင်လေးစားလျက်... Jasmine ..... Unicode ဒီတစ်ခါ ဖန်တီးချင်တာလေးက...