10 🐀

36.2K 4.2K 286
                                    

Next morning,

🎼 Some believe in love at first sight
But this is just lust on the first night
If it turns into more than that's alright
But right now, i don't want your kiss

🎼🎼🎼🎼🎼 I want your bite
Wanna feel your teeth on my neck
Wanna taste the salt of your sweat
Gonna rock your body all night
It's lust at first sight... 🎼🎼

ကျယ်လောက်စွာထွက်ပေါ်လာသည့်
ကုတင်ဘေးက နိုးစက်သံ ။ မနက်စောစော
ထနိုင်ဖို့ကို ၅ မိနစ်ခြားတစ်ခါ နိုးစက်ချိန်ထားပေမယ့် ထူးဆန်းစွာ ပထမအကြိမ်မြည်လာကတည်းက မျက်လုံးကပြူးကျယ်လာပြီ ။ ထိုကြောင့်
ခြုံထားသည့်အိအိစက်စက်စောင်ကြီးကို
ခြေရင်းထိရောက်သည်အထိ ကန်ချပြီးကာမှ
ထထိုင်လိုက်သည် ။

ဝါး.....ညကအိပ်လို့ကောင်းချက် ။
ကိုကို့ဆီက နှစ်ချက်ခေါက်ခံရလို့များ အိပ်လို့ကောင်းနေတာလား ။ ညတိုင်း သွားအခေါက်ခံမှပါ ။ အတွေးတွေနဲ့ မျက်နှာမှာလည်း အပြုံးပန်းတွေဝေမိသည်။
အခုမနက်လည်း အိပ်ယာထနောက်ကျရင်
ကိုကို့ကို သင်တန်းလိုက်မပို့ရမှာစိုးသောကြောင့်
နိုးစက်ကိုချိန်ထားခြင်းဖြစ်သည် ။ မျက်လုံးက ထူးထူးဆန်းဆန်း နိုးစက်မြည်လာတာနှင့်
ချက်ချင်းနိုးလာခြင်း ။

အိပ်ယာပေါ်ကမြန်မြန်ထကာ ရေချိုးခန်းထဲဝင်ပြီး
ကိုယ်လက်သေချာသန့်စင်နေတုန်း မနေ့ကကိုကို့ မျက်လုံးဝိုင်းဝိုင်းလေးကိုသတိရလာပြန်ပါသည်။
အလန့်တကြားဖြစ်သွားတဲ့ပုံလေးကို မနေ့ညက အိပ်မက်ထဲတောင် ထည့်မက်မိသည်အထိ ။ တဖန်အပြုံးတွေအတွေးတွေနဲ့အတူ... ။

ကိစ္စအဝဝပြီးစီးတော့မှ ညဝတ်အင်္ကျီအတိုင်းသာ
အောက်ထပ်ကိုဆင်းလာခဲ့သည် ။ ထိုစဉ်ခဏမှာ
လှေကားအောက်ဆုံးဆင့်ရောက်နေပြီဖြစ်တဲ့
ယုန်ပေါက်လေးတစ်ကောင်ရဲ့ ကျောဘက်လေးကို
ခေတ္တမျှငေးကြည့်လိုက်ရသေး ။ နံ့သာရောင်
အဝါနုစတစ်လက်တိုလေးနှင့် နက်ပြာရောင် ပုဆိုးကော့ကော့လေးကို တွဲဖက်ကာ ဝတ်ဆင်ထားသည့် ဖြူဖြူသေးသေးလေးကို
အနောက်ကနေသာ မြင်လိုက်ရသည် ။ ဆံပင်တိုတိုလေးနဲ့ အင်္ကျီကော်လံလေးကြားက
နုဖက်နေတဲ့ လည်ဂုတ်တိုင်ဖြူဖြူလေးက ကျွန်တော့်ရဲ့တစ်နေ့တာကို ပြီးပြည့်စုံသွားသလို
ခံစားချက်မျိုး...။

ကိုကိုက ကြွက်...ကျွန်တော်က ကြောင်Where stories live. Discover now