22 🐀

34.6K 3.7K 656
                                    

Next morning,
At 7: 00 am,

နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခဲ့ရသည့် ညတစ်ခု
ကျော်လွန်ခဲ့တော့ မနက်ခင်းရောင်ခြည်ဖြာက အခန်းထဲ ဝင်ရောက်ကျီစယ်သည် ။ နှစ်ခြိုက်စွာ
အိပ်စက်ခဲ့ရသည်ကား ကိုယ့်အိမ်ကိုယ့်အိပ်ယာ မလို့လား သို့မဟုတ် ရင်ခွင်နွေးနွေးကြီးထဲကနေ
နူးညံ့နဲ့အနမ်းတွေကိုခံယူခဲ့ရခြင်းကြောင့်လား
မသိပါ ။ သေချာသည်ကတော့ မနေ့ညက
လွန်စွာအေးချမ်းစွာအိပ်စက်ခဲ့ရသည်ကိုပဲ ။

မျက်လုံးအစုံမဖွင့်ခင် ဘေးနားကသူကို
လျှောက်ကာစမ်းကြည့်တော့ အိစက်စက် မွေ့ယာကိုပဲစမ်းမိသည် ။ မရှိဘူးဆိုတဲ့အသိစိတ်က မျက်လုံးကိုပြူးကျယ်လာပြီး ကုတင်ပေါ်ထထိုင် မိသည်အထိ ။ 

ဒီကလေးဘယ်သွားတာပါလိမ့် ???

ဒီအိမ်မှာသူသိတာကျွန်တော်ကလွဲပြီး မရှိသည်မို့
မျက်နှာတောင်မသစ်ပဲ သူ့ကိုရှာဖို့ကုတင်ပေါ်က အဆင်းမှာ ဟက်ဟက်ပက်ပက်ရယ်သံအချို့ ကြောင့် မြင်နေရသည့်ပြတင်းပေါက်ကနေ ကြည့်မိတော့ သူနဲ့ဖေဖေ ။

အားကစားလုပ်နေကြတာတဲ့ ... ဖေဖေ့ကို
သင်ပေးနေတာများမျက်နှာကိုပြုံးရယ်လို့ ။
စိတ်ရှည်ရှည်နဲ့သူမဟုတ်တဲ့အတိုင်းပဲ ။
ဖေဖေကလည်း သူလုပ်ပြသလိုလိုက်လုပ်နေတာ
ရယ်မောလို့ ။ သူတို့နှစ်ယောက်ကိုကြည့်ပြီး
အပျော်တွေကူးစက်လာလို့ ကျွန်တော်ပါ
နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်အထိပင် ။

* ဒီလူလည်လေးကို စိတ်ပူမိတာက
အရူးအတိုင်းပါပဲလား *

အပြုံးတွေဖြင့်စိတ်ချလက်ချဖြစ်နိုင်ပြီး
အခန်းထဲစောင်တွေခေါက် သေချာရှင်းလင်းပြီးမှ
ရေချိုးခန်းထဲဝင်ကာ ရေပါတစ်ခါတည်း ချိုးနေလိုက်သည်။

မိနစ်အနည်းငယ်အကြာ ရေချိုးပြီးစီးလို့
ပြန်ထွက်လာသည်အထိ အခန်းထဲကို သူပြန်မရောက်သေးဘူး ။ ပြတင်းပေါက်ဆီ
အပြေးပြန်ကြည့်မိတော့လည်း ဖေဖေရောသူရော
ခြံထဲမှာမရှိတော့ပါ ။ ဘယ်ရောက်သွားပြန်ပြီလဲ ။
စိတ်ထဲပူသလိုဖြစ်သွားသည်ကြောင့် ဗီဒိုထဲ
မြင်နေရသည့် စတစ်လက်တို ပိတောက်ခြောက်ရောင်အင်္ကျီလေးနဲ့ ပုဆိုးအနက်လေးကိုသာ မြန်မြန်ဝတ်လဲပြီး
အောက်ထပ်ဆီကိုဆင်းလာခဲ့တော့သည်။

ကိုကိုက ကြွက်...ကျွန်တော်က ကြောင်Where stories live. Discover now