သီတင်းကျွတ်လပြည့်အခါသမယနေ့ ။
ညနေခင်း ၄ နာရီ ။ကိုကိုနှင့်နှစ်ယောက်တည်းနေ့အပြီးတွင်
ပုံမှန်အတိုင်း မနက်ဆိုအလုပ်ကြိုးစားကာ
ညနေပြန်ရောက်ရင် ကိုကိုနှင့်သားလေး
မျက်နှာဖူးဖူးလေးတွေကိုအမောပြေ
နမ်းရှိုက်ရသည့်ရက်များအလွန်
ကျွန်တော်တို့မိသားစုနှစ်စုအတူတူ
ဒါနပြုဖို့ရာလပြည့်နေ့ကြီးရောက်ပေပြီ ။🎼 သတင်းကျွတ်ညလေးတစ်ည ပြန်လည်ကာအမှတ်ရမိပါတယ်
မီးလေးတွေထွန်းတော့ ပျော်ပါတယ် မီးထွန်းပွဲတော်ဝယ် ချစ်တဲ့ကောင်လေးတစ်ယောက် ယောင်လည်လည်တစ်ဦးတည်းလျှောက်ကာလည်
အတွဲလည်းမရှိဘူးပေါ့ လည်ပြန်ကာ
ခဏခဏလှည့်ကြည့်တယ်..... 🎼ငယ်ငယ်ကနှစ်ခြိုက်ခဲ့ရသည့် ထိုသီချင်းလေးကို
ထပ်ထပ်ခါခါဖွင့်နေပြီဖြစ်သည့် လမ်းထိပ်က
ဆူဆူညံသံ ။ ကျွန်တော်တို့ကို အချိန်ကျပြီ
မြန်မြန်လုပ်တော့ ဟုနှိုးဆော်သံတစ်သွယ်အပြင် အောက်ထပ်ဆီကဖေဖေတို့သတိပေးသံတစ်မျိုး။" သားတို့ရေ သီချင်းတွေတောင်ဖွင့်နေပြီ
ဆင်းခဲ့ကြတော့ ကြားလား ..."" ဟုတ် လာတော့မယ်ဖေဖေ
ခေါင်... အင်္ကျီကိုယ့်ဟာကိုယ်ဝတ်ထားတော့
ကိုကိုကသားကိုလဲပေးနေတုန်း "စတစ်အဖြူနဲ့ယောပုဆိုးအနက်လေးကို မိမိကိုယ်တိုင်ဝတ်ဆင်ပြီးသော်
ကျွန်တော့်မှာပိုင်ငယ်လေးကိုတလှည့် ပြင်ဆင်ပေးနေတုန်း ခေါင်ဆိုးလေးက
သားလေးဘေးမှာ ဝတ်ဆင်မဲ့အင်္ကျီကိုကိုင်လျက် ထိုင်နေတုန်းမို့ သတိပေးရသေးပြီ ။ ခေါင်ကား ယောပုဆိုးနက်လေးကိုဝတ်ပြီးပေလို့
တော်သေးသည် ။ သို့သော် ပြောနေပေမယ့် ဝတ်ဖို့မစသေးသည့် ခေါင်တစ်ယောက်ကြောင့်" ခေါင် ကိုကိုပြောနေတာကြားလားလို့ "
" No.... ကိုကိုပဲဝတ်ပေးရမှာ "
" နောက်ကျမှာစိုးလို့
ဖေဖေတို့လည်းစောင့်နေပြီ "" မကျပါဘူး သားလေးကို ပုဆိုးဝတ်ပေးပြီးရင်ပြီးပြီကို "
" ခေါင်.... "
" ကိုကိုကလည်း "
ပြောမရဆိုမရဂျစ်တိုက်နေသော
သားလေးထက်ဆိုးသောခေါင့်ကို ဘာမှဆက်မပြောတော့ပဲ သားကိုသာ
မြန်ဆန်စွာဝတ်ပေးရတော့သည် ။ သားလေးအရွယ်နဲ့ကိုက်အောင် ချုပ်ကာထားသော စတစ်အဖြူလေးနဲ့
ယောပုဆိုးအနက်သေးသေးလေးက
သားလေးကိုယ်ပေါ်ဝတ်ပြီးသောအခါ
လွန်စွာချစ်စရာကောင်းပါသည် ။
မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ကျွန်တော့်ကို ကြည့်လိုက်ဘေးကခေါင့်ကိုကြည့်လိုက်နဲ့
တခစ်ခစ်နဲ့ရယ်နေသော ကိုယ်ပွားငယ်လေးရဲ့ ပါးဖောင်းနုနုလေးနှစ်ဖက်အား မြတ်နိုးလွန်းစွာ
နမ်းရှိုက်ရပြန်သည် ။

YOU ARE READING
ကိုကိုက ကြွက်...ကျွန်တော်က ကြောင်
Romanceဒီတစ်ခါ ဖန်တီးချင်တာလေးကတော့ တွေ့တာနဲ့ သူချေကိုယ်ချေ သူကိုက်ကိုယ်ကိုက် အမြဲ fight နေတဲ့ Uke ကိုကိုနဲ့ seme ညီညီ လေးကိုအသက်သွင်းချင်ပါတယ်ဗျ အားပေးပါဦးနော်.... ❤ ဒါဒါလေးတွေကို အမြဲချစ်ခင်လေးစားလျက်... Jasmine ..... Unicode ဒီတစ်ခါ ဖန်တီးချင်တာလေးက...