At YUFL,
ကျောင်းဝန်းကြီးထဲ ပြိုင်ကားအနီရောင်လေး
ဝင်လာပြီဆိုကတည်းက ကျောင်းဝန်းထဲက လူတွေရဲ့မျက်လုံးလေးတွေက တလက်လက်။
အထူးသဖြင့်မိန်းကလေးတွေ ။ အခုလည်း ထိုကားလေး parking ထိုးပြီး ထိုကားပိုင်ရှင်လေး ဆင်းလာသည်အထိ စိတ်ဝင်တစားကြည့်နေကြပြန်သည်။ထုံးစံအတိုင်း ကားသော့လေးကိုလက်ကရမ်းကာ
Nike တံဆိပ်ပါကျောပိုးအိတ်ကို ပုခုံးတစ်ဖက်က လွယ်လျက် car parking ကနေထွက်လာတော့
သုခနှင့်ခန့်ညီနဲ့တွေ့ပြီ ။"မင်းမြတ် နွားဘယ်နှစ်ကောင်တောင် ရောင်းထွက်ခဲ့လို့လဲ "
"ဟုတ်ပါ့ နွားပွဲစားကြီးကျနေတာပဲ "
ကိုကို့ကိုလိုက်ပို့ပြီး ပြန်လာတာလေ ။
မျက်နှာဖြီးနေတာအဆန်းမဟုတ် ။
ကိုကိုစိတ်တိုတာတွေကိုကြည့်ပြီး ကြည်နူးလွန်းလို့
တစ်နေကုန်ကိုထိုင်စချင်နေတာ ။ ကျောင်းတောင်
လာချင်တာမဟုတ်ဘူး ။"မင်းမြတ် ပြောနေတာကြားလား
မျက်နှာကြီးပဲဖြီးပြမနေနဲ့ ""ပျော်စရာတွေရှိလာလို့ကွာ ဟုတ်ပြီလား
လာလာ canteen ထိုင်မယ်
Coffe သောက်ချင်လာလို့ "ဖုံးမရတဲ့အပြုံးတွေနဲ့အတူ canteen ကို
လာခဲ့ကြသည်။ canteen ကိုရောက်သည်နှင့်
ဆိုင်ရှင်အမချောချောက ထုံးစံအတိုင်း ရောက်လို့လာပြီ ။"မောင်လေး ဒီနေ့ဘာစားဘာသောက်ချင်လို့လဲ"
"အစားကအိမ်ကစားခဲ့ပြီ မရဲ့
ဒါပေမယ့် မ ဖျော်ပေးတဲ့ coffee ခါးခါးလေးကို
သောက်ချင်လို့ ကျောင်းပိတ်နေတော့
သတိတွေရနေတာ "ထိုအမမှာ မျက်နှာကြီးရဲတက်လာပြီး
လက်တွေပါလိမ်ချိုးလာသလို ။ မင်းမြတ်တို့ကတော့ အပြောပဲပြောလိုက်တာ
ဟိုကအရည်တွေပါပျော်ကုန်ပြီ ။"မြန်မြန်ရစေရမယ်နော်
မ ကိုယ်တိုင်ဖျော်ခဲ့မယ် ""ကျေးဇူးနော် မ "
ရှက်ရှက်ပြာပြာဖြင့်ပြေးထွက်သွားသည်က
ဘေးနားကထိုင်ခုံတွေပါမမြင်တော့ပုံ ။ ဝင်တိုက်ကာသွားတော့သည်။"ချော်လဲရင်တော့ အဲအမသွားတွေကျွတ်တော့မှာပဲ
မြင်ယောင်နေတယ်
တော်တော်ဆိုးတဲ့ မင်းမြတ်ထွဋ်ခေါင် "

ČTEŠ
ကိုကိုက ကြွက်...ကျွန်တော်က ကြောင်
Romanceဒီတစ်ခါ ဖန်တီးချင်တာလေးကတော့ တွေ့တာနဲ့ သူချေကိုယ်ချေ သူကိုက်ကိုယ်ကိုက် အမြဲ fight နေတဲ့ Uke ကိုကိုနဲ့ seme ညီညီ လေးကိုအသက်သွင်းချင်ပါတယ်ဗျ အားပေးပါဦးနော်.... ❤ ဒါဒါလေးတွေကို အမြဲချစ်ခင်လေးစားလျက်... Jasmine ..... Unicode ဒီတစ်ခါ ဖန်တီးချင်တာလေးက...