At junction square,
At 10: 30 am,Junction Square က car parking လေးထဲ
Lamborghini အမိုးဖွင့်ထားတဲ့ပြိုင်ကား အနီရောင်လေးက ဖြေးညှင်းစွာဝင်ရောက် လာသည် ။ စနစ်တကျ parking ထိုးပြီးသည်နှင့်
ကားပေါ်က စတိုလ်မိမိနဲ့ခပ်မိုက်မိုက်ကောင်လေး
တစ်ယောက်ရယ် ချစ်စဖွယ်ယုန်ဖြူလေးအတိုင်း ကောင်လေးတစ်ယောက်ရယ်က ဆင်းလို့လာသည်စဝင်ပြီဆိုကတည်းက လူတွေရဲ့အကြည့်တွေက သူတို့နှစ်ယောက်ဆီမှာ ။ အကြည့်ပေါင်းမျိုးစုံနဲ့
ကြည့်လို့နေကြသည် ။ လျှောက်ရင်းနဲ့ နေရခက်လာသည် ။ ဘေးနားကကြောင်စုတ်ကို ကြည့်မိတော့ မျက်မှန်အမည်းကြီးတက်ထားပြီး
ဘာကိုမှမြင်လည်းမမြင် သတိလည်းမထားမိပုံ။*ဟုတ်မှာကို ဘယ်လိုကြည့်ကြည့် သူကမိမိုက်လွန်းနေတော့ ယုံကြည်ချက်ရှိမှာပေါ့ *
ကိုယ့်အတွေးနဲ့ကိုဘေးဘီကိုဝဲကြည့်မိပါသည်။
ညအိပ်ဝတ်စုံနဲ့ လာတာကျွန်တော်တစ်ယောက်က လွဲ၍မည်သူမျှမရှိ ။ ပိုဆိုးတာက ရေချိုးပြီး ကတည်းက ခေါင်းကိုမဖြီးရသေးတာ ။ ဒီထက်ပိုဆိုးတာက စီးထားတဲ့ဖိနပ်က အရုပ်ကြီးနဲ့ဂွင်းထိုးဖိနပ်တဲ့ ။ ရူးချင်တယ် ။ မင်းမြတ်ထွဋ်ခေါင်ကို အနိုင်လိုချင်လို့ ဘာပဲလုပ်လုပ် အမြဲတမ်းခံရတာက
ကျွန်တော်ပဲ ။ အခုလည်း ဒီပုံစံကြီးနဲ့
သူ့နဲ့ယှဉ်လျှောက်လာလို့ လူတွေဝိုင်းကြည့်တာ
ဟုတွေးကာ ဆက်မလျှောက်ဝံ့တော့ပဲခြေလှမ်းတို့
ရပ်နေခဲ့လိုက်သည်။ မျက်မှန်နက်ကြီးနဲ့ အကန်းကတော့ ကျွန်တော်မပါခဲ့တာကို သတိမထားမိသေးဟန် ဟိုကြည့်ဒီကြည့်နဲ့
ဆက်ကာလျှောက်လှမ်းလို့နေသည်။ နည်းနည်း အလှမ်းမှသတိထားမိဟန် ထိုကြောင့် နောက်ကိုပြန်လှည့်လာပြီး ရပ်နေတဲ့ကျွန်တော့်ကို"ကိုကို ဘာရပ်လုပ်နေတာလဲ
လာလေ ""......"
"ဘာလဲ ညောင်းလို့လား "
"......"
"ကိုကို ဘာလဲ မေးနေတာလည်းမဖြေဘူး
လက်လာဆွဲခေါ်ရမှာလား ဒါမှမဟုတ် ပွေ့ခေါ်ရမှာလား ထမ်းခေါ်ရမှာလား "သူမေးနေတာကိုဆက်မဖြေပဲ ကြည့်ပဲကြည့်နေတော့ စိတ်မရှည်တော့ပဲ
အနားကိုပြန်လှမ်းလာကာ

YOU ARE READING
ကိုကိုက ကြွက်...ကျွန်တော်က ကြောင်
Romanceဒီတစ်ခါ ဖန်တီးချင်တာလေးကတော့ တွေ့တာနဲ့ သူချေကိုယ်ချေ သူကိုက်ကိုယ်ကိုက် အမြဲ fight နေတဲ့ Uke ကိုကိုနဲ့ seme ညီညီ လေးကိုအသက်သွင်းချင်ပါတယ်ဗျ အားပေးပါဦးနော်.... ❤ ဒါဒါလေးတွေကို အမြဲချစ်ခင်လေးစားလျက်... Jasmine ..... Unicode ဒီတစ်ခါ ဖန်တီးချင်တာလေးက...