At 1: 00 pm,
At Hilton Hotel,Wedding ကစနေပြီဖြစ်တာမလို့ ဖိတ်ကြားထားသူတွေပါမက မိဘဆွေမျိုးတွေပါ
အသီးသီးရောက်ရှိလို့နေပြီဖြစ်သည် ။Parking ထိုးလာသည့်ကားအချို့ကို
လမ်းညွှန်ပြသည့်သူကပြနှင့် ခန်းမထဲဝင်လာသည့်
ဧည့်သည်အချို့ကိုဆီးကြိုသူကကြိုနှင့်ပင် ။
Lamborghini ပြိုင်ကားအနီရောင်လေးလည်း
Parking ထိုးပြီးသည်နှင့် ထိုကားလေးပေါ်မှ ထွက်လာသူလေးတွေက ပန်းနုရောင်တော်ဝင် မင်းသားလေးနှင့် ခေတ်သစ်ဗိုလ်အောင်ဒင် ။ကားအနီလေးဝင်လာကတည်းက လူတွေရဲ့ အကြည့်တွေကတောက်တောက်ပပဖြင့် ကြည့်နေကြပေသည် ။ ယခုအခါကားပေါ်က ဆင်းလာသူလေးနှစ်ယောက်ကြောင့် မှင်သက်ငေးမောနေကြရပေပြီ ။
ခန်းမဆီဖြေးဖြေးချင်းလျှောက်လို့လှမ်းလာပြီး
ဝင်ခံနီးလေးတခဏမှာ လက်ကိုဆုပ်ကိုင်လာသူ ကြောင့်ခြေလှမ်းတို့ရပ်ကာ မျက်နှာချင်းဆိုင် လှည့်ကာကြည့်လိုက်သည် ။ ခေါင်းတစ်လုံးမက မြင့်မားသည့်သူ့ကိုမော့ကာကြည့်တော့"ကိုကို ပြောစရာရှိလို့ "
"အင်း ပြောလေ ခေါင် "
ဆုပ်ကိုင်ထားသည့်လက်တို့ကို သူ့လက်မလေးဖြင့် ငြင်သာစွာပွတ်ဆွဲနေပြီးမှ စကားတို့စသည်။
"ခန်းမထဲရောက်ရင် ကျွန်တော့်ကိုအားမနာပဲ
ကိုကိုသိတဲ့သူ ခင်တဲ့သူတွေနဲ့ နှုတ်ဆက် စကားသွားပြောလို့ရတယ်နော်
ကျွန်တော်က မုန့်ထိုင်စားနေမှာမလို့ "အမယ် ဒီကလေးတစ်ယောက် သဘောတွေစွတ်ကောင်းနေတယ်ပေါ့ ။
"အင်းပါ ခေါင်ရဲ့ "
"တစ်ခုတော့ရှိတယ် ကိုကိုဘယ်သူနဲ့မှ အသားချင်းမထိရဘူး ထိတာမြင်ရင် လာနမ်းပစ်မယ်"
*နေရာတကာမှာသိပ်ချုပ်ချယ်တယ်
စာနာပါကွယ်ချစ်သူကိုယ်ရယ်
ချည်နှောင်နေတဲ့ကြိုးလေးတွေကို
ညာညာတာတာတစ်ပတ်လောက်လျော့ပါကွယ်*
ရင်ထဲကဆိုလိုက်တဲ့ သီချင်းသံလေး ။ အသံထွက်ပြီးလည်း မဆိုရဲပါဘူး ။ ဒိုင်း ဆိုရင်
ဒုန်း မလုပ်တဲ့ ခေါင့်ကိုကြောက်လွန်းလို့ ။
YOU ARE READING
ကိုကိုက ကြွက်...ကျွန်တော်က ကြောင်
Romanceဒီတစ်ခါ ဖန်တီးချင်တာလေးကတော့ တွေ့တာနဲ့ သူချေကိုယ်ချေ သူကိုက်ကိုယ်ကိုက် အမြဲ fight နေတဲ့ Uke ကိုကိုနဲ့ seme ညီညီ လေးကိုအသက်သွင်းချင်ပါတယ်ဗျ အားပေးပါဦးနော်.... ❤ ဒါဒါလေးတွေကို အမြဲချစ်ခင်လေးစားလျက်... Jasmine ..... Unicode ဒီတစ်ခါ ဖန်တီးချင်တာလေးက...