15 🐭

37.9K 3.9K 440
                                    

At 12 : 30 pm

Junction Square ထဲရုတ်ရုတ်သဲသဲ
ဖြစ်သွားပြီး ဘေးနားကလူတွေဝိုင်းကာ
ဆွဲတော့မှ ရန်ပွဲကလူကွဲသွားသည် ။ နှစ်ဖက်လုံး
ရှုမလှပါ ။ အရင်ထိုးခံရသည့်သင်တန်းကသူက မျက်လုံးတွေနားကမို့ကာအစ်ကာညိုလို့လာပြီ။ သူလည်းပဲကကြီးပုံသေသပ်တဲ့ နှုတ်ခမ်းစပ်က သွေးစိုးလို့နေပြီ ။ ကြယ်သီးမတပ်ထားသည့်
အင်္ကျီရက်ဘတ်မှာလည်း ပို၍ကျယ်သွားသေး။

လူတွေဆွဲထားတာတောင် အခဲမကြေကြသေးပုံ။
တစ်ယောက်နှင့်တစ်ယောက်က ကြည့်လို့နေသေး။
ထိုကြောင့် သူ့နားကိုသွားမလို့ပေမယ့် မရောက်ခင်မှာ လူတွေဆွဲထားသည့်ကြားက ရုန်းကာသူအရင်ကျွန်တော့်ဆီရောက်လာပြီး

"ကိုကို ပြန်မယ် "

ပြောလည်းပြောလက်ကိုလည်းဆွဲကာ
ခေါ်ထွက်သွားသည် ။ သူဆွဲသည့်နောက်ပါ သွားပေမယ့် အရုပ်နဲ့ဂွင်းထိုးဖိနပ်ကြီးက လူတွေနားကို ကျွတ်ကာကျန်ခဲ့ပြန်ပြီ ။

"ခဏ ခဏ မင်းမြတ်ထွဋ်ခေါင်
ဖိနပ် ဖိနပ် ကျွတ်ခဲ့ပြီ "

ခေါင် ဟုမဟုတ်ပဲ အရင်လိုသာ ပြန်ခေါ်လာသည့်ကိုကို ။ ဆွဲခေါ်သည့်နောက်
ယှက်ကမ်းယှက်ကမ်းပါလာပုံကြောင့်ရော
ခုနက ခေါင် ဟုခေါ်လိုက်တာဟာ
ကိုကို သူကိုယ်တိုင်တောင်သိပုံမပေါ် ။
သတိထားမိပုံမပေါ် ။ သို့သော် ကျေနပ်တယ်
ကိုကို့စိတ်လေးထဲ ကျွန်တော်ရှိနေလို့သာ ကိုကိုကျွန်တော့်ကို ခေါင် လို့ခေါ်တာ ။

"ခဏ ခဏလို့
ဖိနပ်ကျန်ခဲ့ပါပြီဆို "

နှစ်ခါပြောမှဆွဲခေါ်သွားတာကို သူရပ်ကာ
အနောက်ကိုပြန်လှည့်ကြည့်သည် ။ ထိုစဉ် သင်တန်းကတစ်ယောက်ကလည်း အလိုက်မသိ
ဖိနပ်ကိုကောက်ယူကာလာပေးနေသေးသည် ။ ဤသည်ကို မင်းမြတ်ထွဋ်ခေါင်ရောမြင်သည်နှင့်
ကျွန်တော့်ကိုဆွဲကိုင်ထားသည့် သူ့လက်တို့က
ပိုမိုတင်းကျပ်စွာဆုပ်ကိုင်လာသည် ။ စိတ်တို လာသည့်ဟန် ။

"ခဏ ငါသွားယူမယ်
မင်းရပ်နေခဲ့ "

ရန်ပွဲဆက်ဖြစ်နေမည်ဆိုး၍ ကြားထဲကနေ
သွားယူဖို့ပြင်လိုက်ပေမယ့်

"ကြာတယ် ကိုကို
ကျွန်တော် စိတ်မရှည်ဘူး
ထပ်မစောင့်နိုင်ဘူး
မဟုတ်ရင် အဲကောင်သေတော့မယ် "

ကိုကိုက ကြွက်...ကျွန်တော်က ကြောင်Tahanan ng mga kuwento. Tumuklas ngayon