Juneလ.... 10 ရက်
Monday
University များ second semester ဖွင့်ပြီး
၂ပတ်မြောက်နေ့ YUFL ကျောင်းဝန်းထဲကို
Lamborghini ပြိုင်ကားအနီရောင်လေး
အရှိန်မမြန်တမြန်လေးဝင်ရောက်လာသည် ။
ကျောင်းဝန်းထဲက carparking မှာ
စနစ်တကျထိုးခဲ့ပြီးနောက် ကားမောင်းသူဖက်မှ တံခါးတစ်ဖက်အပေါ်မြောက်ကာပွင့်သွားသည်။Nike brand တံဆိပ်ပါ boot ဖိနပ်ကို စီးထားသည့် ခြေတံရှည်ရှည်ခြေထောက်အစုံက ထိုတံခါးမှဆင်းလာသည်။ ထိုနောက် အကြောစိမ်းလေးတွေထောင်လွှားနေတဲ့ လက်ချောင်းသွယ်သွယ်လက်တစ်ဖက်က ကားသော့ကခလုတ်လေးတွေကို နှိပ်နေလျက်
ကျန်လက်တစ်ဖက်သွယ်သွယ်က Nike တံဆိပ်ပါ ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်ထဲပေါ်ကိုလွယ်ကာ
ကျောင်းဆောင်တွေဘက်ကို ဖြေးဖြေးချင်း လျှောက်လှမ်းလာသည် ။မတိုမရှည်မရှုပ်မပွဆံပင်အချို့က နဖူးပေါ်ကို
ဝဲကျနေလျက် ထူထဲဖြောင့်လွန်းတဲ့မျက်ခုံးကို ထိစပ်ကာနေလေသည် ။ ထူထဲလွန်းတဲ့
ထိုမျက်ခုံးအောက်က ရှည်လျားတဲ့ မျက်တောင်တွေသာမက ထင်ပေါ်လွန်းတဲ့ မျက်ရစ်တွေနဲ့စူးရှတဲ့မျက်ဝန်းတစ်စုံကရှိ၏။
ဖြောင်းစင်းတဲ့နာတံချွန်ချွန်လေးနဲ့အတူ
ကကြီးသဏ္ဍာန်သေသပ်လွန်းတဲ့နှုတ်ခမ်းတစ်စုံ ကလည်းမြင်ရသူအဖို့စွဲငင်လွန်းသည် ။ နောက်ထပ် ရင်သက်ရှုမောရသည်ကား
ရယ်လိုက်ရင် ပေါ်လာတက်သည့်ပါးတစ်ဖက် တစ်ချက်စီက ပါးချိုင့်လေးတွေပင် ။လမ်းတစ်လျှောက်သူ့ကို ငေးမောနေသော
မိန်းကလေးအသွယ်သွယ်သာမက ယောက်ကျားလေးများကိုပါ အပြုံးမမည်သော
အပြုံးတစ်ပွင့်ကိုသာဆင်မြန်းကာပြုံးပြလာသည်။ ဝတ်ထားသည့် အမည်းရောင် T shirt လေးနှင့် လိုက်ဖက်လွန်းသည့် ဖွေးဖြူနေသည့်အသားအရေ ကလည်း smart ကျစွာကျကျနနရှိ၏။ ထိုနောက် ၆ ပေ ကျော်ကျော်ရှိသည့် အရပ်အမောင်းကြီး ကလည်း ယောက်ကျားလေးအချင်းချင်းကို ငေးယူစရာ။"ဟေ့ king ကောင်ကြီး "
ကျောင်းဆောင်တွေနားမရောက်ခင် canteen တစ်ခုစီမှလှမ်းအော်သံကြောင့် ကျောင်းဆောင် တွေစီဦးတည်နေသည့် ခြေလှမ်းတို့ဦးတည်ရာ ပြောင်းကာ Canteen ဆီကို ။

YOU ARE READING
ကိုကိုက ကြွက်...ကျွန်တော်က ကြောင်
Romanceဒီတစ်ခါ ဖန်တီးချင်တာလေးကတော့ တွေ့တာနဲ့ သူချေကိုယ်ချေ သူကိုက်ကိုယ်ကိုက် အမြဲ fight နေတဲ့ Uke ကိုကိုနဲ့ seme ညီညီ လေးကိုအသက်သွင်းချင်ပါတယ်ဗျ အားပေးပါဦးနော်.... ❤ ဒါဒါလေးတွေကို အမြဲချစ်ခင်လေးစားလျက်... Jasmine ..... Unicode ဒီတစ်ခါ ဖန်တီးချင်တာလေးက...