ည ထိုနေ့ညက Dark bar မှာ.... ။
သီးသန့် အခန်းကျယ်ကြီးထဲ
ချောချောဖြူဖြူကောင်လေး သုံးယောက်။"Cheers.... !! "
"Cheers.... !! "
"တစ်ခါတည်းမော့ချပစ်နော် မင်းမြတ် "
"အေးပါ သောက်မှာပေါ့
ဘယ်လိုတွေဖြစ်နေတာလဲ
Mommy သိရင် စိတ်ဆိုးမလားဆိုပြီး
တွေးနေလို့ပါ "Alcohol တစ်ခါမှမသောက်ဖူး မမြည်းခဲ့ဖူးပါ။
Daddy တို့မကြိုက်တာရောပါသလို
ကျွန်တော်ကိုယ်တိုင်လည်းမကြိုက်၍
တစ်ခါမှမသောက်ခဲ့ဖူးဘူး ။ သို့သော်
သုခ ခန့်ညီတို့နှင့်အလောင်းအစားတစ်ခုလုပ်ရင်း
ရှုံး၍သာ ကတိအတိုင်းသောက်ရတော့မည်။
ထိုအလောင်းအစားကလည်း အခြားမဟုတ်။
တစ်ပတ်အတွင်း ပုရစ်ဖူးကိုရအောင် လိုက်ပြမည်ဟု။"ဘာမှလာမပြောနဲ့ အခုသောက်"
"သိပါတယ် ကိုယ်ပြောထားတဲ့အတိုင်း
သောက်မှာပါ မျက်နှာလွှဲထားတတ်တဲ့ထဲ မင်းမြတ်ထွဋ်ခေါင်ဆိုတာ ဘယ်တော့မှမပါဘူး ""လေမကျယ်နဲ့ သောက်မှာသာသောက် "
"Cheers... !! "
အသက်မရှူပဲတစ်ချက်တည်းမော့ချအပြီးမှာ
ပြန်အန်ထွက်မည်တော့မည်ကို ဘေးနားက
နှစ်ကောင်က ပါးစပ်ကိုလက်ဖြင့်
ပိတ်လို့ထားသည် ။"အွင့် အွင့်...ခွေးကောင်....တွေ အွင့်
ဟူး.....အဟွတ် အဟွတ်.... ""အဟား.... ပြန်မထွက်အောင်
ပိတ်ပေးတာဘယ်လိုလဲ ကောင်းလား""အဟွတ်... အဟွတ် ...သူတောင်းစားတွေ
အဟွတ် ""ဆဲမနေနဲ့ သုံးခွက်လို့်ပြောထားတာ
အခုမှတစ်ခွက်ပဲရှိသေးတယ်နော် ""အဟွတ်... ဟွတ်... သိတယ်
ငှဲ့ပေးနောက်တစ်ခွက် "ဆိုးရွားလွန်းတဲ့ အရသာကိုနောက်ထပ်တစ်ခွက်
ထပ်ကာသောက်သည် ။ ထိုနောက် နောက်တစ်ခွက်.... ပြီးသည်နှင့် ပူလောင်လာသည့်ရင်ဘတ်တစ်ခုလုံးရယ်
မူးနှောက်လာသည့်ကခေါင်းတစ်ခုလုံး ။"ပြီး ပြီးပြီနော်
သုံးခွက်ပြည့်ပြီ
ဒီည မင်းတို့နဲ့လိုက်အိပ်မှာ
အိမ်ပြန်ရင် mommy တို့
စိတ်ဆိုးမှာစိုးလို့ "
YOU ARE READING
ကိုကိုက ကြွက်...ကျွန်တော်က ကြောင်
Romanceဒီတစ်ခါ ဖန်တီးချင်တာလေးကတော့ တွေ့တာနဲ့ သူချေကိုယ်ချေ သူကိုက်ကိုယ်ကိုက် အမြဲ fight နေတဲ့ Uke ကိုကိုနဲ့ seme ညီညီ လေးကိုအသက်သွင်းချင်ပါတယ်ဗျ အားပေးပါဦးနော်.... ❤ ဒါဒါလေးတွေကို အမြဲချစ်ခင်လေးစားလျက်... Jasmine ..... Unicode ဒီတစ်ခါ ဖန်တီးချင်တာလေးက...