29 🐭

28.7K 2.9K 772
                                    

အိပ်မပျော်ဘူး ဘယ်လိုမှအိပ်လို့မပျော်ဘူး ။
မနက်ဖြန် ဖေဖေတို့မေမေတို့သဘောထားကို
သိချင်နေစိတ်က ကြီးစိုးနေသည်မို့ ။
အိစက်စက်မွေ့ယာကြီးပေါ်ကနေ တင်ပလင်ခွေထိုင်ပြီး မျက်နှာချင်းဆိုင်က
နာရီလက်တံတွေကိုသာ ငေးငိုင်ကြည့်လျက်
အချိန်တွေကိုရည်တွက်နေမိသည် ။

ထိုင်ရတာညောင်းလို့သွားလျှင် အပြင်ကိုထွက်ကာ
ကိုကို့အခန်းရှေ့ခေါက်တုန့်ခေါက်ပြန်လမ်းတွေ
လျှောက် ဒါတင်မက daddy တို့ရောဖေဖေတို့ အခန်းရှေ့တွေပါ လျှောက်ကာပတ်ကာနဲ့
နောက်ဆုံးအခန်းထဲက ကုတင်ပေါ်ပြန်ရောက်လို့
လာပြီးမျက်နှာချင်းဆိုင်ကနာရီလက်တံတွေကိုသာ
ပြန်လည်ရည်တွက်နေမိပြန်သည် ။

ချက် ချက် ချက် ချက်
ညအချိန်လွန်စွာတိတ်ဆိတ်လွန်းနေ၍
စက္ကန့် မိနစ် နာရီလက်တံတို့ရွေ့လျားသံတွေပါ
ပြက်သားစွာကြားနေရသည် ။ ထိုအသံတွေနဲ့အတူ
စည်းချက်ကျကျရည်တွက်နေမိရင်း မိုးစင်စင်လင်းခဲ့ပြီလေ ။

-
-

At 7 : 00 am,
Tuesday morning,

မျက်နှာသစ်ရင်း ရေပါတစ်ခါတည်းချိုးသည်။
ထိုနောက် ကျောင်းသွားဖို့လည်းအစီအစဉ် မရှိပါဘူး ။ ကျောင်းပျက်တာလည်း အရင်အပတ်ကြာသပတေးနဲ့က ။ ထိုကြောင့် အိမ်နေရင်းပေါ့ပေါ့ပါးပါးရှပ်အင်္ကျီလေးနှင့် ဂျင်းဘောင်းဘီအပွလေးကိုသာဝတ်ဆင်ပြီး အောက်ထပ်ကိုဆင်းခဲ့တော့သည်။

ကျွန်တော်အောက်ထပ်ကိုရောက်တော့
တစ်ညလုံးတွေးနေပူပန်နေသည်များ
ယူပြစ်သလိုပျောက်၏ ။ အုတ်ခဲကျိုးရောင်
စတစ်လက်တိုလေးနဲ့ ပုဆိုးအနက်ရောင်လေးကို
တွဲဝတ်ထားသည့်ကိုကို့ကြောင့် ယုန်သွားလေးတွေ ပေါ်သည်အထိအပြုံးပန်းတွေဝေနေသည့် ကိုကိုကြောင့်ပင် ။ အေးချမ်းလိုက်တာ ကိုကိုရာ။
ကိုကို့အပြုံးလေးတွေလွှတ်သွားမည်စိုး၍
အသက်ပင်ရဲရဲမရှူနိုင်ဘူး ကိုကိုသိစေချင်မိ ။
ကိုကိုပြုံးနေရင်ပင် ကျွန်တော့်မှာလည်းအပြုံးတွေ
ကူးစက်ကာအရူးကြီးတစ်ယောက်လိုကြည့်ပြီး ပြုံးနေမိတာ ကိုကိုသိရဲ့လားဗျာ ။

ချစ်စဖွယ်မျက်ဝန်းပြူးပြူးလေးတွေက ပင့်သက်လာချိန် ရပ်နေသည့်ကျွန်တော့်ကို မြင်သည်နှင့်နှုတ်ခမ်းပါးလေးကဆို၏ ။

ကိုကိုက ကြွက်...ကျွန်တော်က ကြောင်Tempat cerita menjadi hidup. Temukan sekarang